Friday, January 2, 2009

ထေရ၀ါဒသို့ ဦး ခိုက်ခြင်း(၁)

မြတ်စွာ ဘုရား၏အဆုံးမသာသနာတော်သည် အိန္ဒိယ၌ BC ၆ ရာစုမှစခဲ့၏ AD ၁၂ ရစု၌ကွယ်၏ ခန်ပမှန်ူတွက်ချက်ရမည်ဆိုလျှင် ပင်ရင်းဋ္ဌာန၌ သာသနာတော်ဟူသော မြတ်စွာဘုရား၏ အဆုံးအမ သည် နှစ်ပေါင်း(၁၈၀၀)မျှသာတည်ခဲ့ပြီးနောက်၊ ၀ါဒအန္တရယ်။ပြည်တွင်းပြည်ပအန္တရယ်တို့ကြောင့် မူလနေရာ၌ ကွယ်ပျောက်ခဲ့ရပါ၏

ဗြာသ္မဏ၀ါဒနဲ့တိုက်ခိုက်ရင်း မူလထေရ၀ါဒသည် မဟာယနသို့ ကူးခဲ့ရ၏ နော်ဆုံးမူလပင်မ နယ်မြေ ဖြစ်သောအိန္ဒယမှလွင့်ထွက် ခဲရသည်ကို ကျနော်တို့တွေ့ရ၏ ဖတ်ရ၏ ထို့အတူ ကြားနာခဲ့ရပါ၏ ကျနော်တိုကသည်လည်း စစ်မှန်သော မြတ်စွာ ဘုရား၏အဆုံးအမကိုရခဲ့ပါ၏ ရခဲ့သည်ဟုဆိုရာ၌

ဒဿနလည်းပါ၏ ကျင့်စဉ်လည်းပါ၏ ၀ိဇ္ဇာ(အသိ) စရဏ(အသိနဲ့ထပ်တူညီသောအကျင့်) ကို လည်းရခဲ့ပါ၏ သို့သော် ကံတရားကြောင့် ချဉ်းကျနော်တို့သည် မြတ်ဗုဒ္ဓ၏တရားတော်ကို ရခဲ့ပါသည်ဟုဆိုလျှင် သာသနာတော်အား ကျနော်တို့ဆီအရောက် သယ် ဆောင်လာ ခဲ့ကြကုန်သော မထေရ်မြတ် တို့နဲံသာသနာပြု ပုဂ္ဂုလ်အပေါင်းတို့၏ကျေးဇူးတရားကို မေ့နေခြင်သာဖြစ်ပါ၏ လောက၌ ကျေးဇူးကင်းသူဟူ၍ မရှိ သူ့ကျေးဇူးကိုသိပြီးဆပ်ရမည်သာ။

ထိုကျေးဇူးရှင်တို့၏စွမ်းဆောင်မှုတို့ကြောင့်ရ၇ှိလာသောကျနော်တို့၏ ရေမြေပေါ်၌ ထေရ၀ါဒ သည် အမှန်တကယ် ခိုင် ခန့်စွာရပ်တည်နိုင်ခဲ့ပြီးဟုဆိုလျှင် ကျနော်တို့သည်အမှန်တကယ်ငြိမ်းချမ်းသော တိုင်းပြည်ကို တည်ဆောက်နိုင်ပြီးဖြစ်ပါမည်

စင်စစ်မြန်မာပြည့်သို့ထေရ၀ါဒရောက်ရှိနေသည်မှာကြာခဲ့ပြီဖြစ်သည် သီရိဓမ္မာသောကမင်းကြီး ကိုးတိုင်းကိုဋ္ဌာနသာသနာပြုလွတ်စဉ်ကပင်ဖြစ်၏၊အထောက်အထာမခိုင်သောအဖြစ်များရှိနေစေ ကာမူ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကတည်းက မြန်မာပြည်သို့သာသနာရောက်ခဲ့ကြောင်း ဘုရားသမိုင်းမျာကဆို၏

ထိုမျှနှစ်ပေါင်းကြာခဲ့ပြီ်ဖြစ်သော ကျနော်တို့အမိမြေပေါ်ရှိထေရ၀ါဒသည် မပြိုနိုင်သောအင်းအားဖြင့် ရပ်တည်နိုင်ပါပြီလော?

ထိုမေးခွန်းကို ဖြေရန်အတွက် ကျနော်တို့သည် မြတ်ဗုဒ္ဓ၏ အဆုံးအမကိုပြန်လည်တူးဖေါ်ရပါလိမ့်မည်။

အမှန်အားဖြင့်ဗုဒ္ဓ၀ါဒ ဟူသည် သစ္စာဝါဒသာဖြစ်၏ မြတ်ဗုဒ္ဓကို တနည်းအားဖြင့်“သိသူ” ဟုဆိုကြ၏ ဘာကိုသိသနည်းဟုမေးသော်။သစ္စာတရားကိုသိသူဖြစ်ပါ၏ လောက၌ သိစိတ်စိတ်သောသတ္တ၀ါတိုင်း သည် သိစရာအာရုံကို သိ ကြသည် သာဖြစ်ပါ၏ သိုသော် သိပုံခြင်းကားမတူချေ။ သိသည်ဟူဆိုရာ၌ လည်း ကွဲ၏ မိမိညဏ်အဆင့်ကို မှီ၍ အသိကွဲကြသည်မှာ လောကနိယာမဖြစ်သည်သာ။

သုတမယညဏ်ဖြင့်လည်းသိ၏ စိန္တမယညဏ်ဖြင့်လည်းသိ၏ ဘ၀နာမယညဏ်ဖြင့်လည်းသိ၏

ထိုကြောင့် ကျနော်တို့ အန္ဓပုထုဇဉ်တို၏အမြင်အရ လူတွင် ဆင်းရဲ ချမ်းသာ ကု လားတရုပ် ရှိ၏

ကလျာဏပုထုဇဉ်တွင် လူကို လူလိုမြင်၏ အရါယာအဆင့်တို့တွင်မူ ရုပ်နာမ်ဓမ္မသင်္ခါရ အဖြစ်မြင် သည့်တိုင် အဆင့် ဆင့်သွား၏ မြတ်စွာဘုရားအတွက်မူကား ကိလေသာကို အကြွင်းမဲ့ပယ်သတ်ပြီးဖြစ် ၍ လောကတစ်ခု လုံးကို သုညတ အဖြစ်သာမြင်တော့၏

သို့အတွက်မြတ်စွာ ဘု၇ားရှင်၏ အဆုံးအမ ဓမ္မသည် ဘက် လိုက်မှုအကင်းဆုံးဖြစ်ပါ၏

ကိလေသာတန်း လန်းနဲ့ပြုစုထားသော အယူအတွေးများတွင် အနည်းနဲ့အများဆိုသလို ဘက်လိုက်မှု ပါသည်ကို ကျနော်တို့တွေ့ရမည်သာဖြစ်ပါသည်။

မြတ်စွာဘု၇ားရှင်၏ မဟာသြ၀ါဒ ကား။

မကောင်းမှုရှောင်

ကောင်းမှုဆောင်

ဖြူအောင်စိတ်ကို ထား ဟု လူတိုင်း အထူးသဖြင့်ဗုဒ္ဓ ၀ါဒကိုလေ့လာ ဘူးသူတိုင်းသိနေပြီး ဖြစ်ပါ၏ သို့အတွက် ထေရ၀ါဒ ကို သုံသပ်ဆင်ခြင်ရာတွင် အဆိုပါတရားကို လက်ကိုင်ပြုရမည်သာ ဖြစ်သည်။

ထေရ၀ါဒ၏ ပန်းတိုင်သည် သန္တိသုခဖြစ်၏ ပန်းတိုင်သို့သွားရတာ တွင် ကျနော်တို့သည် ကိလေသာ

မစင်သေးသည့် အားလျှော်စွာ မကောင်း မှု ။ကောင်း မှုတို့ကို ပြု လုပ်မည်သာဖြစ်ပါသည်။သို့ သော် လည်းကျနော်တို့သည်မိမိ၏အတ္တအားရှေ့တန်းမတင်မိစေရန် ကြိုးစားအားထုတ်သင့်ပါ၏

မကောင်မှု ကို မလွဲသာ၍ပြု လုပ်ရသည့်တိုင်အောင်လောက၌ဓမ္မထွန်းကား ရေးအတွက်သာ ဖြစ်သင့်ပါ၏

အမှန်စင်စစ် ထေရ၀ါဒ ကို လက်တွေ့ကျင့်သုးံမည်ဟုဆိုပါလျှင် မိမိကိုယ်ကျင့်သိက္ခာကို ဖြူသည် ထက်ဖြူအောင် သီလဖြင့် ဆေးကြောရပါမည်။ မိမိစိတ်ကို လည်းဖြူသထက်ဖြူအောင် သမာဓိဖြင့် လည်း ကောင်း ဘာဝနာ ဖြင့်လည်းကောင်း အထပ်ထပ်ဆေးကြောသန့်စင်စေရပါမည။် မဟုတ်ပါ် ကျနော်တို့၏ထေရ၀ါဒ သည် လည်း ကျနော် တို့မြေပေါ်မှ လွင့်ပါ လိမ့်မည်။

ဤနေရာ၌ အလွန်မှတ်သားဖွယ် သံဝေဂရဖွယ် ကျနော်တို့ဆင်ခြင်သုံးသပ်ရမည့်စကားတချို့ကို ထပ်၍ တစ်ခါပြန်ပြောရပါလျှင်….

“ထေရ၀ါဒ အုပ်မြစ်ဟူသည်။ ကျောက်သားများ။သံများ အင်္ဂတေများမဟုတ်။

အဆောက်အအုံဆိုင်ရာပစ္စည်းဟူသမျှတို့သည် တစ်ချိန်ကမည်မျှပင်လက်ရာမြောက်စေကာမူ။

နေက်ဆုံးတွင်မူ ဘာသာရေးအတွက်တန်ဖိုးမရှိလှတော့ပဲ ရှေးဟောင်းသုတေသန အတွက်သာ

အသုံကျတော့၏”

ထိုကြောင့်“ထေရ၀ါဒအုတ်မြစ်ဟူသည် ကိုယ်ကျင့်သိက္ခာသာဖြစ်၏”

(ဆရာကြီးဦးရွှေအောင်)

No comments: