Thursday, February 26, 2009
ထေရ၀ါဒသို့ ဦးခိုက်ခြင်း အပိုင်း(၂)
ဗုဒ္ဓရဲ့ အဆုံးအမကို ဗုဒ္ဓအလိုတော်ကျသိစေချင်တယ်..မြတ်စွာ ဘုရားရဲ့တကယ့်ဆို လိုရင်းကဘာ လဲဆိုတာကို ကျနော်တို့ မသိသိအောင်ကြိုးစား အား ထုပ်သင့်တယ်လို့ ကျနော်ယုံကြည်တယ် ကျနော်ယုံတဲ့ အတိုင်း ဘုရားစကားတော်မှန်သမျှကို ပေါ်ယံအသိလေးနဲ့ တင် သိပြီးမနေမိအောင်ပေါ့လေ ကြိုးစားနေမိတယ် ဆရာရှာတယ် ကိုယ့်ရင်ထဲမှာရှိတဲ့ သံသယဆူးကို ချိုးဖို့ ပြီးတော့ မှားနေတဲ့အယူကို အမှန်ရောက် အောင်ပြပေးဖို့ ဆရာ ရှာတယ် ။ချည်းကပ်တယ် မေးမြန်းတယ် ပြောတဲ့အတိုင်း လိုက်နာတယ် ကျင့်တယ် ဒီလုပ်နေရင်းနဲ့မှသံသယရှိလာရင် ရင်ထဲမရှင်းလာရင် မေးတယ် မရှင်းရင် ရှင်းအောင် လုပ်နိုင်တဲ့သူကိုညွန်ပြစေတယ် ညွန်တဲ့ဆီသွားတယ်။
ကျနော်ဆိုတဲ့ အကောင်ကလည်း ရှင်းလေထုံလေမေးခွန်းတွေများလာလေပါပဲမရှင်းလို့ရှင်းပါတယ်ဆိုနေမှအဲဒီလို ရှင်းတဲ့နေရာက မေး ခွန်းတွေကပြန်ထွက်လာတယ်အဲဒီလိုနဲ့ကျနော့်မှာဆရာတွေများလာတယ်အသားလည်းနဲနဲကျလာတယ် ဆိုပါတော့..ရင်ထဲလည်းရှင်းတန်သမျှရှင်းလာနေပြီလေ၊ အကုန်လုံးတော့မရှင်းသေးဘူးဗျ။
ရှင်းတယ်ဆိုတဲ့နေရာမှာ လည်း ၊သုတမယညဏ်၊စိန္တမယညဏ်၊ ဘာဝနာမယညဏ်ဆိုပြီး တဆင့်ထက်တဆင့်မြင့်တဲ့ညဏ် တွေထဲမှာတောင်မှ ကျနော်ရှင်းတာသုတမယညဏ်လေးပါဗျာ အဲဒီသုတမယညဏ်နဲ့တင်ရှင်းသင့်သလောက်ရှင်းဖို့ ကျနော်မ နည်းကြိုးစားခဲ့ရတာပါ။
နော်ထပ် စိန္တာမယညဏ် နဲ့ ဘာဝနာမယ ညဏ်တွေအတွက် လက်ကျန်ဖြတ်သန်းရမဲ့ အချိန်တွေမှာ ကျနော် ကြိုးစားရဦးမှာ လေ..။ တကယ်စစ်မှန်တဲ့ထေရ၀ါဒ ဆိုတာတခြားဘယ်ဘာသာကိုမဆို စော်ကား၊ပုတ်ခတ်၊ အတင်းပြောချင်း အလျှင်းမရှိဘူး လို့ကျနော် သင်ခဲ့ရပါတယ်၊မြတ်စွာဘုရာပွင့်တော်မူလာခြင်းဟာ လောကသားအားလုံးအတွက် ကောင်းကျိုးကိုဆောင်ရွက်ဖို့ ပဲဖြစ်ပါတယ်။ဒီအတိုင်းလည်း မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ၊နောက်ဆုံးအချိန်ရောဂါတန်း လမ်းနဲ့တောင်မှ လောက အတွက် လုပ်ဆောင် တော်မူသွားတာကို အားလုံးသိပြီးသာပါ။
အရပ်စကားနဲ့ပြောရရင်အိပ်စက်ချိန်အလွန်နည်းနေတဲ့ကြားကအလုပ်တွေလုပ်ခဲ့တာကိုတွေးမိတိုင်းရှိခိုးမဆုံးဖြစ်ရပါတယ်
မနက်မိုးသောက်အာရုံတက်တာနဲ့ဘယ်သူ့ကိုကူညီရမလဲဆိုတဲ့စိတ်နဲ့နိုးတော်မူနေပါပြီတွေ့ပြီဆိုတာနဲ့အတန်စားမခွဲရောက်အောင်သွားပြီး ချွှတ်တော်မူတယ်၊
သစ္စာညဏ်ရောင်အတွက်ဘ၀ပေါင်းများစွာပါရမီဖြည့်တော်မူခဲ့တဲ့မြတ်စွာဘုရားကိုတွေးမိတိုင်းလည်း
သာသနာတော်ရဲ့တန်ဖိုးကိုပိုပြီးသိလာသလိုခံစားရတယ်၊ကျနော်တို့အခုရှိနေတဲ့အဆုံးအမတွေကိုတကယ်တန်ဖိုးထားတတ်နေရဲ့
လားဆိုတာမေးစရာတွေပေါ့၊ ကျနော်တို့ရဲ့နိုးထခြင်းဟာမြတ်စွာဘုရားလို အကောင်ဆုံးနိုးထခြင်းမဟုတ်တောင်မှ ခြေဖ၀ါးတော်အောက်က ခြေမုန့်လေးလောက်တော့မြတ်စွာဘုရားကိုအတုခိုးကျင့်ကြံသင့်ပါတယ်လို့ကျနော်ယုံတယ်လေ၊မြတ်စွာဘုရားရဲ့
အဆုံးအမ တွေဟာ လက်တွေ့ကျင့်နိုင်ဖို့အထိသိထားတတ်ထားရမဲ့တာဝန်ဟာကျနော်တို့အားလုံးမှာရှိပါတယ်၊။
မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းဟာ၊သစ္စာကိုဦးတည်နေတယ်၊ပရမတ္ထသစ္စာနဲ့သမုတိသစ္စာကိုဦးတည်နေတယ်၊ဒီတော့မြတ်စွာဘုရားရဲ့
အဆုံအမတိုင်းကိုသစ္စာမြင်အောင်ကြည့်ပါမှဘုရားအလိုတော်ကျဖြစ်ရမှာပါနောက်တဆင့်ထပ်ပြီတွေးကြည့်ရအောင် ကျနော်တို့ညဏ်စွမ်းရှိသလောက် လေးပေါ့။
မြတ်စွာဘုရားပွင့်တော်မူလာခြင်းအကြောင်းအရင်းက လောကကို ဘာဝနာမယညဏ်ဖြင့် သုညတ မြင်အောင်ကြည့်ဖို့ ဒီအဆင့်ထိ ကျနော်တို့သွားရမှာ အဲဒီမတိုင်ခင်ပြုကျင့်ရမဲ့ အကျင့်တွေထဲမှာ အစဦးက သီလ(ကိုယ်ကျင့်သိက္ခာ)ဆိုတာ အားလုံးလက်ခံတယ်၊ဒါပေမဲ့ကျနော်တို့ဆီမှာ။ ကိုယ်ကျင့်သိက္ခာပိုင်း အရမ်းအားနည်း နေပြီ၊နိုင်ရင်ပြီး ရတာအကုန်ယူဆိုတဲ့
အဟေတုက၀ါဒတွေကို ရင်ထဲမှာထာနေကြပြီး ထေရ၀ါဒဆိုတာပါးစပ်လောက်ပဲကျန်နေတဲ့အနေထားပါ၊
ထေရ၀ါဒကိုလက်တွေ့ကျင့်သုံးမယ်ဆိုရင်တော့ မိမိအတ္တကိုတတ်နိုင်သလောက်ခ၀ါချဆေးကြောရမယ်လေ၊ပထမအဆင့်က လူကိုလူလို့မြင်တဲ့အမြင်ရှိဖို့လိုပါတယ်၊ဒုတိယအဆင့်ကလူကိုရုပ်နာမ်အဖြင့်မြင်ရပါ့မယ်နောက်ဆုံးတတိယအဆင့်ရောက်တော့မှ လူကိုသုညတအဆင့်မြင်ပါလိမ့်မယ်၊မလွယ်တော့မလွယ်မှန်းသိပါတယ်၊လုပ်ရမှာပါလေ၊ထေရ၀ါဒရှုထောင့်ကလောက
ကိုကြည့်မယ်ဆိုရင်တော့.....
မေတ္တာနဲ့ သုညတ ဒီနှစ်ခုကိုတိတိကျကျကိုင်စွဲအသုံးချရပါလိမ့်မယ်
မဟုတ်ဘူးဆိုရင်တော့ ကျနော်တို့လွဲနေပါတယ်၊ နဲနဲလေးမဟုတ်ဘူးခင်ဗျ ၊အများကြီးကိုလွဲနေပါတယ်၊ အခုဆိုရင်သာသနာတော်နှစ်ပေါင်း၂၅၅၂နှစ်ရှိပါပြီ၊ကျနော်တို့ဆက်ပြီးလုပ်ရပါ့မယ်၊မေတ္တာဆိုတော့တခြားဘာသာတွေမှာလည်း မေတ္တာရှိနေတာပဲ ဘာကွာလဲ၊ဒါသိကိုသိရမယ့်ဟာလေနော်၊
ဒီတော့စဉ်းစားပါ ဘယ်လိုကွာလဲ၊ ထေရ၀ါဒကိုအမှန်တကယ်ချည်းကပ်မယ်ဆိုရင် အရေးပါတဲ့အချက်ထဲမှာ ကိုယ်ပိုင်ညဏ်ပါတယ်၊ ဆရာ့ညဏ်၊စာအုပ်ညဏ်၊အငှါးညဏ်မဟုတ်ဘူး၊ ကိုယ်ပိုင်ညဏ်ပါ၊
ကျနော်လည်း သိသလောက်လေးပြန်ပြောနေတာပါ၊ဒီသသနာတော်ကြီးကိုအခြေခံပြီးတည်ဆောက်ထားတဲ့ ကျနော်တို့ယဉ်ကျေးမှု၊ဥပဒေ၊တွေကို ပြန်ကြည့်ပေးကြပါ၊
ဒီတော့ဒီသာသနာတော်ကြီး ပျက်စီးခြင်း၊ကွယ်ပျောက်ခြင်းဆိုတာ၊ ကျနော်တို့ကွယ်ပျောက်တာပါပဲ၊ဒီတော့ဒီတာဝန်ဟာ
အာလုံးမှာရှိနေပါတယ်ဆိုတာကိုတော့ ပြန်ပြောချင်တယ်လေ မေ့နေမှာစိုးလို့ပါဗျာ။
ကျနော်ဘာမှမဟုတ်ဘူး သာသနာတော်ကိုချစ်တဲ့သာမန်လူတစ်ယောက်ပါ၊အဲ သာသနာတော်ကို ချစ်တဲ့သာမန်လူတစ်ယောက်ပါ၊ သာသနာတော်ရဲ့တန်ဖိုး ကို နား လည် အောင် ကျိုးစာနေသူတစ်ယောက်ပါ ထိုက်သင့်သလောက် လည်း နား လည် ပါတယ်။
အခြေခံအကျဆုံး ကျမ်းစာ လို့ကျနော်တို့နား လည်နေတဲ့ပရိတ်တော်ကြီးတွေ ထဲမှာတောင် ကျနော်တို့ မသိနိုင်သေးတဲ့ လမ်းညွန်ချက်တွေပါနေပါတယ်(မှတ်ချက်- ပညာရျင်များတတ်သိနားလည်ပြီးသူများ ကို မဆို လိုပါ ၊ကျနော်ကန်တော့ ပါတယ်)
ထေရ၀ါဒပိဋကတ်တော်ကို အခြေခံပြီးရေးတဲ့ စာမှန်သမျှဟာ သစ္စာနဲ့ မလွတ်ပါဘူး၊ ဒီတော့ စာဖတ်တိုင်း သစ္စာ ဆိုက်အောင် ဖတ်ဖို့က ကျနော်တို့တာ ၀န်လေ၊
မြင်တဲ့ အမြင်တိုင်း ကလည်း သစ္စာ ဆိုက် အောင် မြင်တဲ့ အမြင် ဖြစ်ဖို့ လို ပါတယ်၊ အငှားသိ ကို ဦးစားမပေး ဦးခေါင်းမချတဲ့မြတ်စွာဘုရားရဲ့တရားတော်ကိုအငှားသိနဲ့လမ်းဆုံးနေတာဟာမြတ်စွာဘုရားကိုစော်ကားနေသလိုပါပဲ လို့ ကျနော် ထင်တယ်။
ဒီတော့ အင်မတန်လေးနက်သိမ်မွေ့တဲ့ ထေရ၀ါဒ ဆိုတာ သမုတိသစ္စာရော ဓ ပရမတ္ထသစ္စာကိုပါ ပိုင်နိုင်သိမြင်စေတဲ့ အနိင်းမဲ့သင်ကြား ချက် ပါလို့ မှတ် ယူနား လည် နေမိပါတယ်။
Tuesday, January 6, 2009
စလေဦးပုံည၏ သင်္ဂါယနာမှတ်တမ်း
ကျနော်စာအုပ်တစ်အုပ် ဖတ်ဖြစ်တယ်ဗျ အဲဒီစာအုပ်ကတော့ အခုဆိုရင် ရှားပါးစာရင်းဝင်နေပါပြီ ဒီအထဲက ဗဟုသုတအချို့ကို မျှဝေချင်တဲ့စိတ်က တားမနိုင်ဆီးမရဖြစ်လာလို့ လောလောဆယ်ရေးနေတဲ့ ထေရ၀ါဒကို ဦးခိုက်ခြင်း အပိုင်း (၂)ကို ရပ်ပြီး ကြား ဖြတ် တင်လိုက်တာပါ အဲ မှားတာမှန်တာကတော့ပညာရှင်တွေပြောကြပါလိမ့်မယ်ကျနော်အနေနဲ့ကကတော့ဒီစာကို ဖတ် ပြီးတဲ့အချိန်မှာ ကျနော်တို့ရှေးကလူကြီးတွေ သာသနာတော်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမထွန်းကားပြန့် ပွါးရေး သန့်ရှင်းတည်တန့်ရေးအတွက် အလုပ်တွေအများကြီး လုပ်ခဲ့ကြတယ် အခု ကျနော်တို့အလှည့် လို့တွေးမိတယ်…“လာ ကြကျနော်တို့အတူတူ လုပ်ကြမယ်” ။
စာအုပ်နာမယ်က သာသနမုခကျမ်း
ရေးတဲ့သူက ဆရာကြီးဦမြသိန်းထွန်း
(ပိဋကတ်တ္တရပါရဂူ-၀ိပဿနာဓမ္မပါမောက္ခ)
( ထွဋ်ခေါင်ဆရာတော်ကြီး၏မြေး)
အကြိမ်က (တတိယအကြိမ်)
ခုနှစ်က (မြန်မာ ၁၃၁၄ ခု)
ပုံနိပ်တိုက်က ယောဂီပုံနိပ်တိုက် ၂၄၅-လွီစ္စလမ်း ၊ရန်ကုန်
ထုတ်ဝေသူက ဦးမောင်ကြီး (ဆန်းလိုက်)
၂၈၃- ကရစ်လမ်း၊ရန်ကုန်အရှေ့ပိုင်း။
တန်ဖိုး ၂- ကျပ်တဲ့
အဲဒီအထဲက ဖတ်ရတာကို ပြန်ပြောပြကြောင်းပါခင် ဗျ ဒီအထဲမှာသင်္ဂါယနာ ဆိုတဲ့အခန်းပါပါတယ်
တစ်ခြား တော် တော်နက်တဲ့ဝိပဿနာ ပွားနည်းတွေလည်းရှိပါတယ် ကျနော်မကြားတောင် မကြားဘူးပါဘူးခင်ဗျ တချို့ဆရာတော် တွေ ၊လူပုဂ္ဂိုလ်တွေရဲ့နည်းတွေပါတယ်ဝိပဿနာအကြောင်းကို ရှင်ပြထားတာပါ။ အခုကျနော်ပြန်ပြောတာက သင်္ဂါယနာဆိုတဲ့ အခန်းပါ။
ရွာစဉ်ရွာစားမင်းလှ သင်္ခယာဘွဲ့ခံ စလေဦပုံညစီရင်အပ်သော သာသနပဝေဏိယအလကာင်္၌ မင်းတုံးမင်းအထိ (၁၁)ကြိမ်မြောက်သင်္ဂါယနာတင်ပြီးကြောင်းကိုတွေ့ရသည်။
ပဋ္ဌမသင်္ဂါယနာ။ ။ ရာဇဂြိုလ်ပြည်၊အဇာတသတ်မင်းသည်၊မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် လေးလမြောက်တွင် အရှင်မဟာကဿပ ရဟန္တာကြီးကိုအမှုးပြု၍ ရဟန္တာမြတ် ၅၀၀ တို့နဲ့(ရ) လ တိုင်တိုင် သင်္ဂါယနာတင်သည်။
ဒုတိယသင်္ဂါယနာ။ ။ဝေသာလီပြည် ကာလာသောက မင်းသည်၊သာသနာနှစ် ၁၀၀ ၌ အရှင်မဟာယသ ရဟန္တာကြီးကိုအမှူးထား၍ရဟန္တာ(၇၀၀) တို့နဲ့အတူ(၈) လတိုင်သင်္ဂါ ယနာတင်သည်။
တတိယသင်္ဂါယနာ။ ။ပါဋလိပုဋ် သီရီဓမ္မာသောက မင်ကြီး သာသနာနှစ် ၂၃၅ နှစ်၌အရှင်မဟာမောဂ္ဂလိတိဿပုတ္တမထေရ် ကြီးအမှူးပြု၍ ရဟန္တာ(၁၀၀၀)နဲ့ (၉)လ လုံး သင်္ဂါယနာ တင်ပါသည်။
စတ္တုထသင်္ဂါယနာ။ ။လကာင်္ဒီပကျွန်း ၀ဋ်ဋ၈ါမဏိမင်းသည် သာသနာနှစ် (၄၅၀)၌ ရှင်မဟာဓမ္မရက္ခိတမထေရ်ကိုအမှူးထားလျှက် ရဟန္ဘာကြီး (၅၀၀)တို့နဲ့ပေထက်အက္ခရာတင်သည်။
ပဉ္စမသင်္ဂါယနာ ။ ။ သာဂလပြည့်ရှင်မိလိန္ဒမင်ကြီးသည် သာသနာနှစ်(၅၀၀)၌ ရှင်နာဂသိန်ကိုအမှူးထား၍ သင်္ဂါယနာတင်သည်။
ဆဋ္ဌမသင်္ဂါယနာ။ ။ သုဝဏ္ဏဘုမ္မိသထုံပြည်ဓမ္မပါလမင်းသည် သာသနာနှစ်(၉၅၆)၌ ရှင်မဟာ ဗုဒ္ဓ ဃောသနဲ့တိုင်ပင်၍ ပိဋကတ်သုံးပုံ၏အကျဉ်းဂါထာပေါင်းတသိန်းလေးသောင်း ရှိသော ၀ိသုဒ္ဓိမဂ်အပါဝင် သင်္ဂါယနာတင်သည.်။
သတ္တမသင်္ဂါယနာ။ ။ ပုဂံပြည်အနော်ရထာမင်းသည် သာသနာနှစ်(၁၆၀၁)နှစ်၌၊အတိုရသနှစ် ၄၉၁ နှစ်တွင်၊ ရဟန္တာရှင်အရဟံကို အမှူးပြုလျှက်၊ရဟန္တာ(၁၀၀၀) တို့နဲ့အတူသင်္ဂါယနာတင်သည်။
အဋ္ဌမသင်္ဂါယနာ ။ ။ ရတနာပူရအင်းဝမြို့တော်၌ သာသနာနှစ်(၂၀၇၀)ပြည့်၊သက္ကရာဇ်(၈၈၈) ခုနှစ် ရှမ်းသိုဟန်ဘွားသည်၊ပိဋကတ်တော်များကိုဖျက်ဆီးပစ်ရာတပြက်မြို့သားရှင်တိဿဇနနဲ့ဒုတိယဇေတ၀န်ဆရာတော်တို့၊ညှိနိုင်းတိုင်ပင်ကြကာသင်္ဂါယနာတင်ကြသည်။
န၀မသင်္ဂါယနာ ။ ။ ရတနာသိင်္ခ ကုန်းဘောင်ပြည်၊အလောင်းမင်းတရားကြီးသည်၊သာသနာနှစ် (၂၂၉၇)နှစ်၌သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင်၊ မဟာအတုလယသဓမ္မရာဇာဂုရု၊နာမံတော်ရှိသော မထေရ်ကြီး ကိုအမှူးပြု၍ သင်္ဂါယနာတင်သည်။
ဒသမသင်္ဂါယနာ။ ။ အင်းဝပြည်စဉ့်ကူမင်းသည်သသသနာနှစ်(၂၃၂၀)နှစ်၊သက္ကရာဇ်(၁၁၃၈) ခုနှစ်တွင်၊ ရှင်၇င်းမတိမာန်၊ရှင်နန္ဒမာလာတို့နဲ့သဂ်ွယနာတင်သည်။
ဧကဒသမသဂ်ါယနာ။ ။ရတနာပုံမန္တလေးနေပြည်တော်မင်းတုံးမင်းမြတ်သည်၊သာသနာနှစ်(၂၄၁၅)နှစ် သက္ကရာဇ်(၁၂၃၃)ခုနှစ်၌၊ပရိယတ္တိဝိသာရဒ သီလ၀ိသုဒ္ဓိဖြစ်တော်မူသောရာဇဂုရုတံဆိပ်တော်ရ၊ ဆရာတော်ကြီးများနှင့်ပိဋကတ်သုံးပုံ၌၊လိမ္မာတော်မူကြကုန်သော၊ ရဟန်း(၂၀၀၀)တို့အပြင်၊အတွင်း ၀န်ခန်းပတ်မြို့စားကြီးမင်းကြီးမဟာဥဇနာ၊ယောမြို့စားမင်းကြီးမင်းလှမဟာစည်သူ၊သံတော်ဆင့်မိုင်းခိုင်းမြို့စားသီရိဇေယျသူ၊သံတော်ဆင့်နေမျိုးရာဇစည်သူတို့ကိုကြပ်စေ၍(၅)နှစ်ကျော်မျှရေးသားထုလုပ်စေသော၊ ၀ိနည်း၅ ကျမ်းပါဠိတော်ကျောက်ချပ်ရေ(၁၀၀)အဘိဓမ္မာခုနှစ်ကျမ်းပါဠိတော်ကျောက်ချပ်ရေ (၂၀၈)ချပ်၊သုတ်သုံကျမ်းပါဠိတော်ကျောက်ချပ်ရေ(၄၁၀)တို့ကိုကုသိုလ်တော်၊လောကမာရဇိန်စေတီတော်ကြီးအတွင်း၊အုတ်ပြာဿတ်ဂူ၊(၇၂၈)လုံးတည်တော်မူ၍စုစုပေါင်းကျောက်ချပ်ရေ(၇၂၈)တွင်၊ ကျောက်စာပိဋကတ်တော်များကို၊သေလက္ခရသင်္ဂါယနာတင်သည်။
ဒါ စလေဦးပုံညရဲ့သင်္ဂါယနာတင်စာရင်းပါ၊ပဉ္စမအကြိမ်ကနေ၊ဒသမအကြိမ်ထိသင်္ဂါယနာတင်စာရင်းဟု ဆရာတော်ကြီပညာရှင်ကြီးများအမှတ်မယူသော်လည်း၊ရှေးမြန်မာတို့သည်မိမိတို့၏စွမ်းအေားရှိသ လောက် သာသနာတော်တည့်တန့်ရေး၊သန့်ရှင်းရေး၊ပြန့်ပွါးရေးကို၊ဦးလည်မသုံထမ်းရီကခဲ့ကြပါသည် ဆိုသောအထောက်ထား ကိုပြနိုင်ခဲ့ပါသည်ဟုဆိရပါမည်၊
အခုသော်ကား သာသနာတော်အရှည်တည်တံ့နေစေရန် အကျွန်တို့ဝန်သာဖြစ်တော့အံ့။
Friday, January 2, 2009
ထေရ၀ါဒသို့ ဦး ခိုက်ခြင်း(၁)
မြတ်စွာ ဘုရား၏အဆုံးမသာသနာတော်သည် အိန္ဒိယ၌ BC ၆ ရာစုမှစခဲ့၏ AD ၁၂ ရစု၌ကွယ်၏ ခန်ပမှန်ူတွက်ချက်ရမည်ဆိုလျှင် ပင်ရင်းဋ္ဌာန၌ သာသနာတော်ဟူသော မြတ်စွာဘုရား၏ အဆုံးအမ သည် နှစ်ပေါင်း(၁၈၀၀)မျှသာတည်ခဲ့ပြီးနောက်၊ ၀ါဒအန္တရယ်။ပြည်တွင်းပြည်ပအန္တရယ်တို့ကြောင့် မူလနေရာ၌ ကွယ်ပျောက်ခဲ့ရပါ၏
ဗြာသ္မဏ၀ါဒနဲ့တိုက်ခိုက်ရင်း မူလထေရ၀ါဒသည် မဟာယနသို့ ကူးခဲ့ရ၏ နော်ဆုံးမူလပင်မ နယ်မြေ ဖြစ်သောအိန္ဒယမှလွင့်ထွက် ခဲရသည်ကို ကျနော်တို့တွေ့ရ၏ ဖတ်ရ၏ ထို့အတူ ကြားနာခဲ့ရပါ၏ ကျနော်တိုကသည်လည်း စစ်မှန်သော မြတ်စွာ ဘုရား၏အဆုံးအမကိုရခဲ့ပါ၏ ရခဲ့သည်ဟုဆိုရာ၌
ဒဿနလည်းပါ၏ ကျင့်စဉ်လည်းပါ၏ ၀ိဇ္ဇာ(အသိ) စရဏ(အသိနဲ့ထပ်တူညီသောအကျင့်) ကို လည်းရခဲ့ပါ၏ သို့သော် ကံတရားကြောင့် ချဉ်းကျနော်တို့သည် မြတ်ဗုဒ္ဓ၏တရားတော်ကို ရခဲ့ပါသည်ဟုဆိုလျှင် သာသနာတော်အား ကျနော်တို့ဆီအရောက် သယ် ဆောင်လာ ခဲ့ကြကုန်သော မထေရ်မြတ် တို့နဲံသာသနာပြု ပုဂ္ဂုလ်အပေါင်းတို့၏ကျေးဇူးတရားကို မေ့နေခြင်သာဖြစ်ပါ၏ လောက၌ ကျေးဇူးကင်းသူဟူ၍ မရှိ သူ့ကျေးဇူးကိုသိပြီးဆပ်ရမည်သာ။
ထိုကျေးဇူးရှင်တို့၏စွမ်းဆောင်မှုတို့ကြောင့်ရ၇ှိလာသောကျနော်တို့၏ ရေမြေပေါ်၌ ထေရ၀ါဒ သည် အမှန်တကယ် ခိုင် ခန့်စွာရပ်တည်နိုင်ခဲ့ပြီးဟုဆိုလျှင် ကျနော်တို့သည်အမှန်တကယ်ငြိမ်းချမ်းသော တိုင်းပြည်ကို တည်ဆောက်နိုင်ပြီးဖြစ်ပါမည်
စင်စစ်မြန်မာပြည့်သို့ထေရ၀ါဒရောက်ရှိနေသည်မှာကြာခဲ့ပြီဖြစ်သည် သီရိဓမ္မာသောကမင်းကြီး ကိုးတိုင်းကိုဋ္ဌာနသာသနာပြုလွတ်စဉ်ကပင်ဖြစ်၏၊အထောက်အထာမခိုင်သောအဖြစ်များရှိနေစေ ကာမူ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကတည်းက မြန်မာပြည်သို့သာသနာရောက်ခဲ့ကြောင်း ဘုရားသမိုင်းမျာကဆို၏
ထိုမျှနှစ်ပေါင်းကြာခဲ့ပြီ်ဖြစ်သော ကျနော်တို့အမိမြေပေါ်ရှိထေရ၀ါဒသည် မပြိုနိုင်သောအင်းအားဖြင့် ရပ်တည်နိုင်ပါပြီလော?
ထိုမေးခွန်းကို ဖြေရန်အတွက် ကျနော်တို့သည် မြတ်ဗုဒ္ဓ၏ အဆုံးအမကိုပြန်လည်တူးဖေါ်ရပါလိမ့်မည်။
အမှန်အားဖြင့်ဗုဒ္ဓ၀ါဒ ဟူသည် သစ္စာဝါဒသာဖြစ်၏ မြတ်ဗုဒ္ဓကို တနည်းအားဖြင့်“သိသူ” ဟုဆိုကြ၏ ဘာကိုသိသနည်းဟုမေးသော်။သစ္စာတရားကိုသိသူဖြစ်ပါ၏ လောက၌ သိစိတ်စိတ်သောသတ္တ၀ါတိုင်း သည် သိစရာအာရုံကို သိ ကြသည် သာဖြစ်ပါ၏ သိုသော် သိပုံခြင်းကားမတူချေ။ သိသည်ဟူဆိုရာ၌ လည်း ကွဲ၏ မိမိညဏ်အဆင့်ကို မှီ၍ အသိကွဲကြသည်မှာ လောကနိယာမဖြစ်သည်သာ။
သုတမယညဏ်ဖြင့်လည်းသိ၏ စိန္တမယညဏ်ဖြင့်လည်းသိ၏ ဘ၀နာမယညဏ်ဖြင့်လည်းသိ၏
ထိုကြောင့် ကျနော်တို့ အန္ဓပုထုဇဉ်တို၏အမြင်အရ လူတွင် ဆင်းရဲ ချမ်းသာ ကု လားတရုပ် ရှိ၏
ကလျာဏပုထုဇဉ်တွင် လူကို လူလိုမြင်၏ အရါယာအဆင့်တို့တွင်မူ ရုပ်နာမ်ဓမ္မသင်္ခါရ အဖြစ်မြင် သည့်တိုင် အဆင့် ဆင့်သွား၏ မြတ်စွာဘုရားအတွက်မူကား ကိလေသာကို အကြွင်းမဲ့ပယ်သတ်ပြီးဖြစ် ၍ လောကတစ်ခု လုံးကို သုညတ အဖြစ်သာမြင်တော့၏
သို့အတွက်မြတ်စွာ ဘု၇ားရှင်၏ အဆုံးအမ ဓမ္မသည် ဘက် လိုက်မှုအကင်းဆုံးဖြစ်ပါ၏
ကိလေသာတန်း လန်းနဲ့ပြုစုထားသော အယူအတွေးများတွင် အနည်းနဲ့အများဆိုသလို ဘက်လိုက်မှု ပါသည်ကို ကျနော်တို့တွေ့ရမည်သာဖြစ်ပါသည်။
မြတ်စွာဘု၇ားရှင်၏ မဟာသြ၀ါဒ ကား။
မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင်စိတ်ကို ထား ဟု လူတိုင်း အထူးသဖြင့်ဗုဒ္ဓ ၀ါဒကိုလေ့လာ ဘူးသူတိုင်းသိနေပြီး ဖြစ်ပါ၏ သို့အတွက် ထေရ၀ါဒ ကို သုံသပ်ဆင်ခြင်ရာတွင် အဆိုပါတရားကို လက်ကိုင်ပြုရမည်သာ ဖြစ်သည်။
ထေရ၀ါဒ၏ ပန်းတိုင်သည် သန္တိသုခဖြစ်၏ ပန်းတိုင်သို့သွားရတာ တွင် ကျနော်တို့သည် ကိလေသာ
မစင်သေးသည့် အားလျှော်စွာ မကောင်း မှု ။ကောင်း မှုတို့ကို ပြု လုပ်မည်သာဖြစ်ပါသည်။သို့ သော် လည်းကျနော်တို့သည်မိမိ၏အတ္တအားရှေ့တန်းမတင်မိစေရန် ကြိုးစားအားထုတ်သင့်ပါ၏
မကောင်မှု ကို မလွဲသာ၍ပြု လုပ်ရသည့်တိုင်အောင်လောက၌ဓမ္မထွန်းကား ရေးအတွက်သာ ဖြစ်သင့်ပါ၏
အမှန်စင်စစ် ထေရ၀ါဒ ကို လက်တွေ့ကျင့်သုးံမည်ဟုဆိုပါလျှင် မိမိကိုယ်ကျင့်သိက္ခာကို ဖြူသည် ထက်ဖြူအောင် သီလဖြင့် ဆေးကြောရပါမည်။ မိမိစိတ်ကို လည်းဖြူသထက်ဖြူအောင် သမာဓိဖြင့် လည်း ကောင်း ဘာဝနာ ဖြင့်လည်းကောင်း အထပ်ထပ်ဆေးကြောသန့်စင်စေရပါမည။် မဟုတ်ပါ် ကျနော်တို့၏ထေရ၀ါဒ သည် လည်း ကျနော် တို့မြေပေါ်မှ လွင့်ပါ လိမ့်မည်။
ဤနေရာ၌ အလွန်မှတ်သားဖွယ် သံဝေဂရဖွယ် ကျနော်တို့ဆင်ခြင်သုံးသပ်ရမည့်စကားတချို့ကို ထပ်၍ တစ်ခါပြန်ပြောရပါလျှင်….
“ထေရ၀ါဒ အုပ်မြစ်ဟူသည်။ ကျောက်သားများ။သံများ အင်္ဂတေများမဟုတ်။
အဆောက်အအုံဆိုင်ရာပစ္စည်းဟူသမျှတို့သည် တစ်ချိန်ကမည်မျှပင်လက်ရာမြောက်စေကာမူ။
နေက်ဆုံးတွင်မူ ဘာသာရေးအတွက်တန်ဖိုးမရှိလှတော့ပဲ ရှေးဟောင်းသုတေသန အတွက်သာ
အသုံကျတော့၏”
ထိုကြောင့်“ထေရ၀ါဒအုတ်မြစ်ဟူသည် ကိုယ်ကျင့်သိက္ခာသာဖြစ်၏”
(ဆရာကြီးဦးရွှေအောင်)
Wednesday, December 31, 2008
ပြီးပြည့်စု့သောသီလဟူသည် (၂)
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျနော်လေးစားရတဲ့ ရေးဖေါ်ရေးဖက် နဲ့စာ ဖတ်သူများ အားလုံး မင်္ဂလာရှိသောနှစ်သစ်မှာ ဓမ္မထွန်းကားအောင် ဆောင်နိုင်သည်ဖြစ်စေ သောဝ်။
သုတေသနအတွက်ပါနာတိပါတကံကျူးလွန်နေရတဲ့အတွက်သီလပင်မလုံနိုင်။
ဒီအထက်ကစာသားလေးကတော့ ကျနော်လေးစားတဲ့အစ်ကိုကြီးတစ်ယောက်က ရေးခဲ့တာပါ အားလုံး လဲသိကြမှာပါ မြင့်မိုရ်ဦးဘလော့ ပိုင်ရှင် ဒေါက်တာညဏ်ပါ။
လောကဆိုကတည်းက အဓမ္မနဲ့ဓမ္မတို့ အားပြိုင်စစ်ခင်းရာဟု ပညာရှင်တို့ဆိုကြ၏ ဆိုခဲ့သည်အတိုင်း လည်းလောကသည် ဓမ္မနဲ့အဓမ္မတို့အားပြိုင်မှုရှိနေသည်မှာဓမ္မတာ
ဓမ္မက အနိုင်ရသည့်အခါ လောကသည်တည်ငြိမ်၏ အေးချမ်း၏ ထို့အတူလောကသားတို့ ချမ်းသာ၏ လောကသားဟူရာ၌ လူလည်းပါ၏ နတ်လည်းပါ၏ တရိစ္ဆာန်လည်းပါ၏ ခြုံငုံပြောဆို ရပါလျှင် (31) ဘုံမှမလွတ်မြောက်သေသူအားလုံးကို လောကသားများဟု ဆိုနိုင်ပါ၏။သို့အတွက်လောကကြီးတကယ်တန်းငြိမ်းချမ်းရန်အတွက်အားလုံးတွင်တာဝန်ကိုယ်စီရှိကြပါ၏ လောက၌ အဓမ္မတရားတို့ မထွန်းကားအောင် မပျံ့ပွားအောင်ကြိုးစားအားထုတ် ရာ၏ ထိုသို့အားထုတ်ရာ၌ မိမိကိုယ်ကိုလည်းကောင်း မိမိ၏ဘ၀ကို လည်းကောင်း လောကအတွက် စတေးရမည်သာဖြစ်ပါ၏ ဘုရားအစရှိသောသူတော်ကောင်း တို့သည် အလော်တော် ဘ၀ များ၌ ငါးပါးသီလကို ချိုးဖေါက်ခဲ့သည်သာ သို့သော် အဆိုပါ ပုဂိုလ်တို့ ချိုးဖေါက်ခြင်းကား လောက၌ဓမ္မ ထွန်းကားရေးအတွက် အနစ်နာ ခံခြင်းသာလျှင်ဖြစ်သည် ကို ပိဋကတ်တော်များတွင် ဖတ်ရှုခဲ့ကြပြီးသာဖြစ်ပါလိမ့်မည်။
ကျတော်တို့ လည်း ကိုယ့်မြေ ကိုယ့်ရေ ကို တိုင်းတပါးတို့ ထိခိုက်စော်ကားလာ သည်ရှိသော် ပါဏာတိပါတ သိက္ခာပုဒ် ကို ချိုးဖျက်မည်သာ။ “သူ့နိုင်ငံသားသံမှုန့်စားမှ ဒို့ဓါးတုံးလိမ့်” ဟူသော အယူကိုကိုင်ပြီး တိုက်မည်သာဖြစ်ပါ၏
စင်စစ်ထေရ်ရ၀ါဒ အရ ဘ၀ကို တည် ဆောက်မည်ဆိုပါလျှင် မိမိ၏ဘ၀ကိုလောက အတွက် အနစ်နာခံပေးဆပ် ပါမှ ဖြစ်ပါလိမ့်မည်။
ကျနော်တို့ တိုင်းပြည်သည် ထေရ၀ါဒတိုင်းပြည်ဟုဆိုကြ၏ အမှန်တကယ်ထေရ၀ါဒ အုပ်မြစ် ခိုင်နေပြီလော အမှန်တကယ်ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားတတ်ပြီလော မေစရာတွေရှိနေမည်သာ။ အမှန်တကယ် ဓမ္မတရားတို့ ထွန်းကားနေသည်လား မဆုံသေးသောမေး ခွန်းများ တွေးစရာများရှိနေပါ၏ ကျနော်တို့ကိုယ်တိုင်က ရော ထေရ်ရ၀ါဒ၏ စစ်မှန်သော အနက်အဓိပါယ် ဆုတ်ကိုင်မိပြီလော ဟု စစ်တမ်းထုတ် အဖြေရှာနေဆဲဖြစ်ပါ သည်။
သီလတော်သည် ဘုရားပွင့်လည်းရှိ၏ ဘုရားမပွင့်သော် လည်းရှိနေသည်သာဖြစ်ပါသည် သို့အတွက် ငါးပါးသီလတော်ကို နိစ္စသီလတော်ဟုဆို ကြ၏ လောကငြိမ်ချမ်းရေးအုတ်မြစ် ဟု လည်းဆိုပါ၏ ထိုအတွက် ဘုရားသသာနာတော်အတွင်း ရှိသောငါးပါးသီလတော်သည် သစ္စာ ဆိုက်နိုင်သော အသိတိုင် အောင် အကျိုးပြုပါ လိမ့်မည်ဟု ကျနော်ယုံပါသည်။ ကျနော်တို့အနေဖြင့် လည်း သစ္စာဆိုက် အောင် အနက်ကိုရှာဖွေဆန်ံထုတ်ပါမှ သာသနာတော်အတွင်းသီလကို မြင်ပါလိမ့်မည်။သို့မှပို၍လောက ငြိမ်းချမ်းမည်ဖြစ်ပါ၏။
တတိယသိက္ခာပုဒ်တော်အရ ကာမေသုမိစ္ဆာရ ကို ကြည့်မည်ဆိုပါက
တိုက်ရိုက်အနက်= ကာမအရာ၌ မှားယွင်းစွာကျင့်ခြင်း
သွယ်ဝိုက်အနက်= မိမိရသင့်ရထိုက်သော အခွင့်ရေး ထက်ပို လိုခြင်း/ ယူခြင်း
ဆန့်ကျင်အနက်= မိမိရပိုင်ခွင့်များကို လောကအတွက်စွန့် လွတ်ခြင်း
ဟုဆို၏
သမုတိသစ္စာအရ ကာမအရာ၌ မှာယွင်းယုတ်ညံ့စွာကျင့်ခြင်း ဟူဆိုရာတွင် သူတစ်ပါးသားမယား သားသမီး ကိုဆို၏
ပရမတ္ထသစ္စာအရ ကာမဂုဏ်ဆိုရာ၌ ရူပါရုံလည်းပါ၏ သဒ္ဒါရုံလည်းပါ၏ ဂန္ဓာရုံ့လည်း ပါ၏
သောတာ၊ဖောဋ္ဌဖ္ဗ အစရှိသဖြင့် ကာမ၈ုဏ်အာရုံ အားလုံးပါမည်သာဖြစ်ပါသည် ထိုထိုသော ကာမဂုဏ်တရားတို့၌ မှားယွင်စွာကျင့်ခဲ့ပါလျှင်။ အရပ်စကားအရပြောရလျှင် မိမိနဲ့ မထိုက်သော နေရာ၊ငွေကြေး ဘွဲ့ ထူးဂုဏ်ထူး ကိုမရ ရအောင်ကြံဆောင် လျှင် ထိုသိက္ခာပုဒ်ကိုကျူး လွန် ရာရောက်ပါ၏
ကာမေသုသိက္ခာပုဒ်၏ တရားကိုယ်ကား ဘေဘ ဖြစ်၏ ဿသတဒိဋ္ဌိနဲ့ယှဉ်၏ ထိုသိက္ခာပုဒ်ကို တယ်တန်း လုံခြုံအောင်ထိန်းမည်ဆို လျှင် မိမိ၏လောဘကြောင့်ဖြစ်ပေါ် လာသောဆန္ဒ များကို မပွားစိးအေင် သတိပညာနဲ့ပယ်သတ်ရပါ လိမ့်မည်။
တိုက်ရိုက်အနက်= သူတစ်ပါးအားလိမ်ညာခြင်း
သွယ်ဝိုက်အနက်= ဟန်ဆောင်ဖုံကွယ်ခြင်း နဲ့ ကျန်ဝစီဒုစရိုက် သုံးပါး
ဆန့်ကျင်အနက်= သစ္စာဓမ္မထွန်ကားအောင် ထုတ်ဖေါ်ပြောဆို လုပ်ကိုင်ခြင်း
ဟူရပါ၏
တကယ်တန်းမုသာဝါဒကံကို လုံးအောင် ထိနးမည်ဆိုပါလျှင် ကျနော်တို့၏နှလုံသားကို သစ္စာမြေပေါ်၌ အုတ်မြစ်ခိုင်အောင်ချရန်လို အပ်ပါသည် အတုကိုဖယ်၍ အစစ်ကို တန်ဖိုးထားတတ်ရပါမည် သစ္စာတရား ထွန်းကားရေးအတွက် မိမိဘ၀ကို လောအတွက် အသုံချရဲသော သတ္တိကို မွေးမြူရပါလိမ့်မည်။
ဆိုင်ရာညဏ်ရောက်မှ ဆိုင်ရာသော ကိလေသာမီးကိုငြိမ်းနိုင်ပါမည်ဟု သိပါလျှက် ကျနော်သည် ညဏ်မှီသလောက် ငါးပါးသီလတော်ကို ပူဇော်ခြင်းမျှသာ ဖြစ်ကြောင်း ၀န်ခံပါသည်။
2009 မှာဆွေသာဟာ ကြည်သာဧမြရှိပါစေ
မသူတော်ဘေး အဓမ္မဘေး ကင်းဝေးကြပါစေ
ကျမ်းကိုး။ ။ ဘ၀အမြင်သစ် (ဆရာကြီးဦးရွှေအောင်)
Monday, December 29, 2008
ပြီးပြည့်စုံသောသီလဟူသည်
ငါးပါးသီလမြဲသလား? တဲ့ဒီမေးခွန်းကိုကျနော်အကြိမ်ပေါင်းများစွာအမေးခံခဲ့ရဖူးတယ်ဗျ
အဲလိုမေးလာခဲ့တိုင်းလည်း ကျနော့်အဖြေက“ဟင့်အင်း”ပဲထွက်တယ်ဗျ၊ ဘယ်သူမေးမေး
ကျနော့်အဖြေကတော့ဒီအတိုင်းပဲဗျ။
မေးဆိုလို့ပြောရဦင်္းမယ်ဗျ..ကျနော်သွားနေကြဆရာတော်ကြီး ဦနန္ဒမာလာရဲ့သက်တော် (၉၅) နှစ် မြောက်မွေးနေံတုးံကလည်း ဆရာတော်ကြီးကိုယ်တိုင် ပရိတ်သတ်အလယ်မှာမေးဖူးပါတယ် ကျနော်ကလည်း ဖြေပါတယ်ဗျာ ရဲရဲဖြေတာပေါ့ “လုံးဝငါးပါးသီလမလုံဘူးပေါ့” အဲလိုဖြေ တော့ ဆရာတော်ကြီးက ပြုံးတယ်ဗျ ပရိပ်သတ်လည်းပြုံးတယ်ပေါ့ဗျာ။
အမှန်တော့သီလတော်မြတ်က သိမ်မွေ့ လွန်းတယ်ဗျ၊ဒီလောက်သိမ်မွေ့လွန်းတဲ့တရားတော် မြတ် သီလတော်ကို ကျနော့်လိုငမိုက်ကနား လည်အောင်ကို မနည်းကြိုးစားနေရသူမို့ မဂ်တရား ဖိုလ် တရား နိဗ္ဗာန်တရားအကြောင်းတွေကို ညဏ်စဉ်အဆက်ဆက် ဒိဋ္ဌိသတ်နည်းအမျိုးမျိုးနဲ့ဆွေး နွေးနေတဲ့အထဲဝင်ပါချင်ပါလည်း မ၀င်ရဲတဲ့အဖြစ်ပါဗျာ၊တစ်ခါတစ်လေများဗျာ စိတ်ရှိလက်ရှိပြောနေ လိုက်ကြတာ..အာလုံနီးနီးသောတပန်၊သကဒါဂန် ၊အနာဂမ်လောက်နီးနီးပါ..အားကျတယ်ပေါ့ဗျာ
တစ်နေ့ကလည်းသူငယ်ချင်းတစ်ယောက်ရဲ့အလှုကိုသွားတော့ ဘုရား ခန်းထဲမှာသီးသန့်စားပွဲ နဲ့ တရားဆွေးနွေးတာတွေ့တော့လည်း ခပ်ဝေးဝေးကပြန်လာခဲ့ရပြန်တယ်။
တခါတုံးများတရားဆွေးနွေးနေကြတဲ့ လူကြီးတွေဝိုင်းနာသွားပြီးနာထောင် ကြားရတာနဲ့တင် ကျနော်လှည့်ပြန်ပြီး လာ ခဲ့ရတာလေ စဉ်းစားကြည့်လေ ပြောနေကြတာက ကျမ်းအ်ကိုး ကားအပြည့်နဲ့ဆိုတော့လည်း ကျနော်မ၀င်ရဲပေါင်ဗျာ။
ဒီအကြောင်းတွေကြောင့်ပဲထင်တယ် ကျနော့်ညဏ်ကသီလ အဆင့်ကမတက်သေး ၊တစ်ခါတုံက လည်း တောထဲမှာတရားကျင့်နေတဲ့ဆရာတော်ဆီသွားဖူးတော့ “သားငယ်လေး ဘာကြောင့်ပျင်းတယ် ဆိုတာကို ကိုယ်တိုင်တွေ့အောင် ရှာခဲ့ ” လို့မိန့်တော့ ဘာကြောင့်ပျင်းတယ်ဆိုတာကို ရှာ လိုက်တာဗျာ သုံးနှစ်ကျော်လောက် ကြာတယ် အပျင်းတရား ကိုတောင်ဒီလောက်ကြာခဲ့တဲ့ ကျနော့် အဖို့ကျန်တ်ာတွေ မတွေးရဲသေးဘူးဗျ အခုလည်းအားနေရင် သီလကြောင်းလေး ပေါ့ ဗျာစဉ်းစား နေတတ်တယ်ပေါ့။ ဒီလိုစဉ်းစား၇င်းနဲ့ သာသနာပကာလမှာလည်း(၅)ပါးသီလရှိနေတယ်၊အခု သာသနာတွင်းကာလမှာ လည်း (၅)ပါးသီလက ရှိနေတယ် အနက်အဓိပါယ်ကွာမယ်ပေါ့ တွေးကြည့်တယ် ညဏ်မှီသလောက်ပေါ့ဗျာ။
စဉ်းစားရမဲ့လမ်းကြောင်းက ဆရာတွေသင်ခဲ့တဲ့အတိုင်းပေါ့ဗျာ ဘာ လဲဆိုတော့
“ သားငယ်ရေ လောကကြောင်းကိုချဉ်းကပ်မယ်ဆိုရင် ပညတ်ကို ညဏ်ကုန်လွတ်ဟေ့ ဒီလိုပဲ ဓမ္မကြောင်းကို ချဉ်းကပ်ပြီဆိုရင်တော့ ပရမတ်ကို ညဏ်ကုန်စိုက်တော့”
ဒီလိုသွန်သင်ခဲ့ဘူးတော့ လည်း ကျနော်သီလို့ ဆင် ခြင်ကြည့်တယ်ဗျ ကိုယ့်ကိုကိုယ်သီလ ဘယ်လောက်လုံ လဲပေါ့ဗျာ။
ပါဏာတိပါတ
သူတစ်ပါးအသက်သတ်ခြင်းမှ ရှေင်ကျဉ်တာ ဒီအနက်က ဘုရားမပွင့်လည်းရှိနေတဲ့ အနက် ဒါမှမဟုတ် အမြင်ပေါ့ဗျာ၊ သာသနာတော်တွင်းသီလအရ ပုဓ်ခွဲကြည့်တယ် နား လည်းသလောက် ပေါ့ လေ နေတ္ထိကျမ်းလာစာဖတ်နည်းအရ
ပုဒ်တစ်ပုဒ်ကိုချဲ့ယူခြင်း အာဝတ္တာဟာရ ဟူလည်းကောင်း ပရိဝတ္တနဟာရ ဟူလည်ကောင်း ဆို၏ ပိဋကတ်တော်၌ နေယျတ္ထဟုဆို၏
ပညာုရှင်တွေပြောတာဗျ။အဲ လို ဆိုတော့ ဆန့်ထုတ်ကြည့်တယ်ပေါ့လေ သီလတစ်ခုခြင်းကို ဇစ်မြစ်လိုက်တယ်ပြောပြောအဆုးံထိလိုက်တယ်ဆိုဆိုတွေးရအောင်ပြီးတော့ကျနော်တို့ကျင့်ရအောင် နော အဲခုနက ပထမသီလဖြစ်တဲ့ ပါဏာတိပတသိက္ခာပုဒ်ရဲ့
တိုက်ရိုက်အနက်= သူတစ်ပါး၏အသက်ကိုသတ်ခြင်း
သွယ်ဝိုက်အနက်= သူတစ်ပါးကိုနစ်နာအောင်လုပ်ခြင်း
ဆန့်ကျင်အနက်= သူတစ်ပါး၏အသက်ကိုရှည်အောင်အားထုတ်ခြင်း
သီလတစ်ခုကိုပြီးပြည့်စုံအောင်ဖြည့်ကျင့်ဖို့ဆိုရင်တော့ ဒီကျနော်တွေးမိတဲ့အချက်သုံးချက် ပြည့်စုံမှ ပြီးပြည့်စုံတဲ့ သီလ ဖြစ်မှာပါ၊လောကမှ အဓမ္မတရားတွေမထွန်းကားဖို့ အရပ်ပြောသီလ၊အရပ်ပြော သမာဓိ၊အရပ်ပြောသတိ၊အရပ်ပြောပညာ ကို ဖြည့်နေယုံလေးနဲ့မဖြစ်ရေးခြာမဖြစ်ပါ်။
အခုဟာက၀ိနည်းရှောင် “ငါမသတ်ရင်ပြီး ဆိုပြီး သီလလုံနေတဲ့ကျနော့်ကို ကျနော် ရှက်နေမိတယ် ဗျ ဒီတော့ တစ်ဖက်သားကို နစ်နာအောင် လုပ်တာ လည်း သွယ်ဝိုက်အနက်အရ ပါဏာတိပါတသိက္ခာ ပုဒ်ကို ချိုးဖျက်တာပါပဲ။
ဆန်ကျင်အနက်အရ သူ့အသက်ရှည်အောင်အားထုတ်ခြင်း တဲ့ဗျာ ကျနော်တို့ ဘယ် လောက်ကြိုးစားပြီပြီလဲ..?စဉ်စားပေးပါ ။
ပရမတ်ရှုထောင့်က နေပြီး ကြည့်ရင်တော့ ပါဏာတိပါတ ကံပုဒ်ရဲ့တရာကိုယ်က ဒေါသ
ဒီဒေါသတရားကို မိမိသန္တန်မှာ မလာအောင်စောင့်ထိန်းနိုင်ပါမှ သတိနဲ့စောင့်ကြည့်နိုင်ပါမှ ဒေါသရဲ့ ဆန့်ကျက်ဖက် အဒေါသ ခေါ် မေတ္တာတရားကို အချိန်ပြည့်ပွားစီးနိုင်ပါမှ ပါဏတိပါတကံကို ဘုရား အလိုတော်ကျ ပြီးပြည့်စုံအောင်ဖြည့်ကျင့် နိင်ပါလိမ့်မယ် ဗျာ။
ကဲပါဏာတိပါတ ပြည့်စုံအောင်လုံသလား ..ကျနော် ဘာသာပြန် မေးတော့ “မလုံ” ဆိုတဲ့ အသံလေး ထွက်လာသဗျ။
နောက်တစ်ခုက အဒိန္နဒါန
ပထမကတည်းကအမှတ်မရတဲ့အထဲအခုဒုတိယသီလတော်မြတ်ကိုကြောက်ကြောက်နဲ့ဆင်ခြင်နေ ပါပြီ ။
တိုက်ရိုက်အနက်= ပိုင်ရှင်မပေးသောပစ္စည်းကိုခိုးခြင်း
သွယ်ဝိုက်အနက်= မပေးပေးအောင်ဥပါယ်အမျဉ်ဖြင့်တောင်းယူခြင်း၊ခြိမ်းခြောက်ခြင်း
ဆန့်ကျင်အနက်= မုတ္တစာဂ(နှေင်ကြိုးမဲ့စွန့်ကျဲပေးကမိးခြင်း)
ခုနကပြောသလိုပေါ့လေ ပြန်စဉ်းစားတယ် ငါမခိုးဘူးဆိုတဲ့ ဟာလေးနဲ့လုံလောက်သလား
လယ်လောက်ထိအနစ်နာခံပေးဆပ်ခဲ့ ဘူးလဲ ၊ရယူတာနဲ့ ပေးဆပ်တာ ဘယ်ဟာများလဲ
မခိုးပေမဲ့ ခြိမ်းခြောက်တော၊မပေးပေးအောင် ဥပါယ်တမျဉ်သုံးတာလေးတွေ စဉ်စားပေးပါဗျာ။
ပရမတ္ထရှုထောင့်ကကြည့်မယ်ဆိုရင်တော့ အဒိန္နဒါနသိက္ခာပုဒ်ရဲ့တရာကိုယ်က လောဘ
ကိုယ့်ဘာသာကိုပြန်စဉ်းစားတယ်၊ပြန်ကြည့်တယ်ဗျ၊ ဗိုက်ထဲလောဘတွေချ်းူပြည့်နေတာ တွေ့တော့ သွားပြန်ပြီပေါ့ဗျာ နော်တစ်မှတ်။
နော်ထပ်ဆက်ပြီးစစ်ရဦးမှာ လားဗျာ နောက်ထပ်ဆက်ပြီစစ်ရရင်တော့ ..
2009 မှာဆွေသဟာ ဧငြိမ်းကြည်သာရှိပါစေ
မသူတော်ဘေး၊အဓမ္မဘေး ကင်းဝေကြပါစေ
ကျမ်းကိုး။ ။ဘ၀အမြင်သစ်(ဆရာကြီးဦးရွှေအောင်)
Tuesday, October 7, 2008
ပြန်ပြီးကျင့်ဖို့လိုနေပြီ
ဖြစ်နေတဲ ဘုရားဟောတဲ့ လူ့ဝိနည်းလို့ပြောရမဲ့လူတစ်ယောက်ဆိုရင်၊လူမှန်ရင်ကျင့်ကို ကျင့်ရမဲ့၊လူ့ကျင့်
ဝတ်တွေ့၊ကျနော်တို့ဆီမှာ ပျေက်ဆုံးနေတယ်၊စာတွေ့အရရှိပြီး၊နုတိတိုက်အာဂုံဆောင်နေတာကြားရပေမဲ့
လက်တွေ့နေံ့စဉ်ဘ၀မှာ၊ကျင့်သုးံမှုမရှိတော့ဘူး..တကယ်ကျနော်တို့လိုက်နေကြတာ လိုချင်နေကြတာက
နေရာ၊အာဏာနဲ့ငွေပဲလေ၊ကိုယ်လိုချင်တာကိုရဘို့ ဘာမဆိုလုပ်ရဲတဲ့ သတ္တိက အပြည့်..အနစ်နာခံလိုက်မယ်
ဆိုတဲ့စိတ်က မရှိတော့ဘူး၊ဒါဟာ ကျနော်တို့ဆင်းရဲရတဲ့ အကြောင်းအရင်း၊ပြီးတော့ ပုံစံပြောင်းလာတဲ့ မိဘနဲ့
သားသမိးဆက်ဆံရေး၊ဆရာတပည့်ဆက်ဆံရေး၊လင်နဲ့မယားဆက်ဆံရေး၊ဒီကြားတွေမှာစီးပွးရေဆန်လာတယ်
မိဘကလည်း၊ အရွယ်ရောက်လာတဲ့ သားသမီးဆီက၊တုံ့ပြန်မှုကိုမျှော် လာတယ် ၊သားသမီကလည်းပြန်မကြည့်
နိုင်တဲ့ အခါ…ငြီးတွားကြတော့ တာတွေတွေ့ရတယ်၊သားသမီတွေကလည်းမိဘထက်ပိုပြီး သူတို့ရင်သွေးတွေကို
ဂရုစိုက်မိနေတတ်တယ၊သတိထားမိတာလေးတွေပြောတာပါ၊ကိုယ်ကိုတိုင်လည်းဒီလမ်းကို တစ်နေ့လျှောက်ရမှာ မေ့နေကြတယ်တူပါတယ်…အလားတူပဆရာတပည့်တွေကြားမှာပိုက်ဆံပိုပေးနိုင်သူတွေနေရာပိုရတယ်၊လိုတရတပည့်တွေကိုပိုချစ်နေတယ်၊တကယ်တော့ဆရာဆိုတာသီလသိက္ခာကို ပိုပြီးစောင့်ရတာ၊ကိုယ်တိုင်ကစံပြဖြစ်ရမှာ
အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊သိပမချန်ဘေးရန်ကာဆီးတဲ့လေ၊အခုဖြစ်နေတာကပိုက်ဆံပေးမှစာသင်ရမယ့်အနေထားတွေ၊ပညာတတ်ချင်ရင်ငွေရှာလာပါပေါ့ငွေမရှိရင်မသင်ရတော့တဲ့အခြေနေမျိုးဖြစ်နေခဲ့တာဘာကြောင့်လည်း၊စံနစ်ကြောင့်လားဓကိုယ်တိုင်ကအနစ်နာမခံချင်တာလားတွေးနေမိတယ်၊
အကြီးကဲဝတ်တဲ့..ထကြွနိုးကြား၊သနားသီးခံဝေဖန်ထောက်ရှုတဲ့၊အခုဟာကမဟုတ်သေးဘူးလေ၊အကြီးကများများစား၊အငယ်ကသူ့အံဖတ်စား၊ခိုင်းတာမလုပ်ရင်အပြစ်ပေး၊ဘုရားစကားဝေးဝေးရှေှာင်၊အမှောင်ကိုဖက်ပြီးဖိမ်ယက်
နေတဲ့အချိန်လားနော်၊တိုင်းပြည်ကိုကောင်းစေချင်တယ်၊လောကကိုတကယ်ကောင်းစေချင်တယ်ဆိုရင်တော့၊ကျနော်တို့တတွေ၊ဘုရားစကားကိုလက်တွေ့ကျင့်ကြံရလိမ့်မယ…မဟုတ်ဘူးဆိုရင်၊ကျနော်တို့ဟာဘုရားကိုလိမ်နေသလိုပဲဖြစ်နေမှာသေချာတယ်၊
ကျနော်တို့ဘယ်လိုရှေ့ဆက်သွားမလဲ?တရားတော်တွေကိုမေ့ပစ်ပြီးနေကြမှာလား?နေ့စဉ်ဘ၀မှာတရားတော်တွေကိုလက်တွေ့အသုံမချခြင်တာလား?မချတတ်တာလား?ခေတ်မမှီတော့ဘူးထင်လို့လား? ကျနော်တို့ရှေ့တန်းကို ပြန်ရောက်ဖို့ကတရားတော်ကို လေးစားစွာပြန်လည်လိုက်နာကျင့်သုံးဖို့ဆိုတာကို ယုံကြည်နေမိရင်း......။
Sunday, July 20, 2008
ရွှေလက်တွဲကြမည်ဆိုပါလျှင်
စာရေးသူ “ဒီရက်မှာ ဆွမ်းဒကာရှိနေတယ်လေ ကပ္ပိယကြီး”
ကပ္ပိယ “ဒါဆိုရင် ၁၃)ရက်နေ့ကို ပေးလိုက်ရရင်ကောင်းမလားဘုရား”
စာရေးသူ “ကောင်းသားပဲ” ဟုပြောလိုက်ပါသည်၊ ခဏကြာသောအခါ ကပ္ပိယကြီးသည် စာရေးသူရှိရာသို့ ပြန်ရောက်လာကာ “အရှင်ဘုရား….(၁၃)ရက်နေ့က ပြဿဒါးရက် ဖြစ်နေလို့တဲ့ အဲဒီရက်တော့မယူချင်ဘူးလို့ ပြောနေပါတယ်ဘုရား” ပြောလာပါသည်။
ရက်ရာဇာပြဿဒါးစသည့် ပြက္ခဒိန်ပါရက်များသည် လူသားများအား အလွန်ဖမ်းစားနေသည်ဟု ထင်မိပါသည်၊ ထိုရက်များသည် လောကီကိစ္စတွင် နေရာယူထားသည်သာမက ကုသိုလ်ရေးဆိုင်ရာတွင်လည်း နေရာအသင့်အတင့်ယူနေသည်ကို တွေ့ရပေသည်။
သူတို့၏ ရွှေလက်တွဲမည့်အရေးကို ရက်ရာဇာ ပြဿဒါး ရွေးနေကြပေသည်၊ အကယ်၍ ပြဿဒါးရက်တွင် မင်္ဂလာဆောင်သည့် မင်္ဂလာမောင်မယ်များသည် ရာသက်ပန် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်သွားတော့မည်လော၊ ထိုအိမ်ထောင်ရေး အတွက် ပြဿဒါးကအဓိကျပါ၏လော တွေးစရာဖြစ်နေပေသည်။ ထို့အတူ ရက်ရာဇာရွေး၍ လက်ထပ်မင်္ဂလာပြုကြသော မင်္ဂလာမောင်မယ် များအတွက် ရာသက်ပန် မကွဲမပြဲပဲ ချမ်းသာသော အိမ်ထောင်ရေးတစ်ခု ဖြစ်တော့မည်လော၊ ထိုအိမ်ထောင်ရေးအတွက် ရက်ရာဇာက အဓိကကျပါ၏လော ……..လောပေါင်းများစွာ အတွေးနယ်ချဲ့ မိပါတော့သည်။
လောကတွင် အိမ်ထောင်စုအတော်များများသည် ရက်ရာဇာ ၊ နေ့ကောင်းရက်မြတ် ရွေးပြီးမှ လက်ထပ်ယူကြသည်က များပါသည်၊ သို့ပါလျှက် မကြာမီ အိမ်ထောင်ရေး ပြိုကွဲကြသည်မှာ အဘယ့်ကြောင့်ပါနည်း၊ ရက်ကောင်းနေ့မြတ်များသည် အိမ်ထောင်ရေး မပြိုကွဲစေရန် မတတ်နိုင်သကဲ့သို့ ပြဿဒါးရက်များသည်လည်း ခိုင်မြဲနေသည့် အိမ်ထောင်ရေးကို မဖြိုခွင်းနိုင်ခဲ့သည်မှာ လူ့ပတ်ဝန်းကျင်တွင် အထင်အရှားပင် မြင်နေရပါသည်။
ထို့ကြောင့် လက်ထပ်မည့်သူများသည် ဘ၀တစ်လျှောက်လုံး အိမ်ထောင်ရေး၊အဆင်ပြေစေရန် ရက်ရာဇာ၊ပြဿဒါး ရွေးစရာမလို လွတ်လပ်စွာဖြင့် မင်္ဂလာပွဲကို ဆင်နွဲကြပါရန်တိုက်တွန်းလိုသည့်အပြင် သာယာသောအိမ်ထောင်ရေးတစ်ခုကို ဖန်တီးချင်ကြသော ဇနီးမောင်နှံများအတွက် မြတ်ဗုဒ္ဓ ဟောတော်မူခဲ့သော လမ်းညွန်ချက်များရှိခဲ့ပေသည်၊ ထိုလမ်းညွန်ချက်အတိုင်း လိုက်နာကျင့်သုံးနိုင်လျှင် ယခုပစ္စုပ္ပန်ဘ၀တွင် သာယာပျော်ရွှင်သောအိမ်ထောင်ရေးတစ်ခုကို ဖန်တီးနိုင်သကဲ့သို့နောင်တမလွန်ဘ၀အတွက်လည်း အတူတကွ ငှက်ဖြစ်ရင်လည်း တစ်ကိုင်းတည်း ဟူသကဲ့သို့ ဘ၀အစဉ်အဆက်ပြန်လည်တွေ့ဆုံရတတ်ပေမည်။
ရွှေလက်တွဲမည့်သူများအတွက် မြတ်ဗုဒ္ဓ ညွန်ပြတော်မူခဲ့သည့် လမ်းညွန်ချက်ကား………..
(၁)သမသဒ္ဓါ (တူမျှသောယုံကြည်မှု)
(၂)သမသီလ(တူမျှသောကိုယ်ကျင့်တရား)
(၃)သမစာဂါ (တူမျှသော စွန့်ကြဲမှု)
(၄)သမပညာ ဖြစ်ပါသည်၊ (တူမျှသော ပညာရှိမှု)
သမသဒ္ဓါ ဟူသည်
တူမျှသော ယုံကြည်လက်ခံမှုဖြစ်သည်၊ ဇနီးမောင်နှံနှစ်ဦးသည် တူညီသည့် ယုံကြည်မှုရှိရမည်၊ ဤတွင် ယုံကြည်မှုဟူသည် လောကရေး၊ ဓမ္မရေးရာအားဖြင့် နှစ်ပိုင်းခွဲ၍ ပြောရပေမည်၊ လောကရေးရာအားဖြင့် ယုံကြည်သည်ဆိုရာဝယ်၊ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို ယုံကြည်ရမည်ဖြစ်သကဲ့သို့ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို အပြန်အလှန် ယုံကြည်ရပေမည်။
ထိုသို့ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို ယုံကြည်သည်ဟု ဆိုရာဝယ် ခင်ပွန်းဖြစ်သူသည် မိမိဇနီး ယုံကြည်လက်ခံနိုင်လောက်သည့် အပြောဆို အပြုအမူ အနေအထိုင် ကောင်းမွန်ရန် အထူးလိုအပ်ပေသည်၊ ခင်ပွန်းဖြစ်သူသည် ဇနီး၏အရှေ့တွင်တစ်မျိုး၊ နောက်ကွယ်တစ်မျိုး အခြေအနေပြောင်းနေမည်ဆိုပါက ဇနီးသည်၏ ယုံကြည်လက်ခံနိင်မှုကို ရရှိမည်မဟုတ်ပေ၊ သို့ဖြစ်လျှင် ထိုအိမ်ထောင်ရေးသည် မည်သို့ သာယာ နိုင်ပါမည်နည်း။ ထို့ကြောင့် ခင်ပွန်းသည် ဇနီး၏ ယုံကြည်လက်ခံမှုကို အပြည့်အ၀ရရှိစေရမည်၊ ယုံကြည်လက်ခံနိုင်အောင်လည်း နေတတ်ရမည်၊သို့မှသာ သာယာသည့် အိမ်ထောင်စု တစ်ခုကို ဖန်တီးနိုင်လိမ့်မည်။
တဖန် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ယုံကြည်လက်ခံသည်ဟု ဆိုရာဝယ် ဇနီးသည်သည် မိမိခင်ပွန်း ယုံကြည်လက်ခံနိုင် လောက်သည့် အပြောအဆို အပြုအမူ အနေအထိုင် ကောင်းမွန်ရန် အထူးလိုအပ်လှပေသည်၊ အရှေ့တွင်တစ်မျိုး နောက်ကွယ်တစ်မျိုးဆို လျှင် ခင်ပွန်းဖြစ်သူ မယုံကြည်နိုင်သည်မှာ မဆန်းပေ၊သို့ဆိုလျှင် ထိုအိမ်ထောင်ရေးသည် သာယာပျော်ရွှင်ဖွယ်မရှိနိုင်ပေ၊ ထို့ကြောင့် ဇနီးသည်သည် မိမိခင်ပွန်း၏ ယုံကြည်လက်ခံမှုကို အပြည့်အ၀ ရရှိစေရမည်၊ ယုံကြည်လက်ခံအောင်လည်း နေတတ်ရပေမည်၊သို့မှသာ တစ်ဦးကိုတစ်ဦးယုံကြည်မှုအပြည့်ရှိကာ သာယာသည့်အိမ်ထောင်စု တစ်ခုကို ဖန်တီးနိုင်လိမ့်မည်။ ဤကား လောကရေးရာ ယုံကြည်မှုဖြစ်ပေသည်။
ဓမ္မရေးရာအားဖြင့် လက်ခံယုံကြည်မှုဟူသည် ရာသက်ပန်လက်ထပ်ကြတော့မည်ဆိုလျှင် ဘာသာအယူဝါဒခြင်းတူညီရပေမည်၊ ဘာသာအယူဝါဒမတူညီလျှင် အမိုက်ကစ ပြသဒ်မီးလောင်ဆိုသည့်သကဲ့သို့ သူ့ဘာသာ ကိုယ့်ဘာသာ အပြစ်မြင်ပြီး အိမ်ထောင်ရေး အဆင်မပြေဖြစ်တတ်ကြပေသည်၊ ဘာသာမတူ အိမ်ထောင်ပြု၍ အဆင်ပြေနေသည်ကား အနည်းစုသာဖြစ်ချေသည်၊ထို့ကြောင့် ဘာသာ အယူဝါဒခြင်းတူညီကာ အိမ်ထောင်ပြုကြလျှင် ပို၍အဆင်ပြေကာ ကောင်းမွန်ပါလိမ့်မည်၊ ဘာသာအယူဝါဒတူလျှင်(ယုံကြည်မှုခြင်းတူလျှင်) အသွင်တူ အိမ်သူဖြစ် ဆိုသည့်မြန်မာစကားပုံကဲ့သို့ ပျော်ရွှင်သော အိမ်ထောင်ရေးတစ်ခုကို ဖန်တီးနိုင်ကြပေလိမ့်မည်။
သမသီလ ဟူသည်
တူမျှသော ကိုယ်ကျင့်တရားကို ခေါ်ပါသည်၊ ကိုယ်ကျင့်တရားသည် ဇနီးမောင်နှံများအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ ဇနီးမောင်နှံနှစ်ဦးသာမဟုတ် လောကလူသားအားလုံးအတွက် အရေးကြီးသော တရားတစ်ခုဖြစ်သည့်အပြင် ဘ၀၏ အရှေ့ဆုံးတန်းတွင် နေရာရရန်အတွက် အထောက်ပံ့များစွာပေးနိုင်ပေသည်။
တူညီသော ကိုယ်ကျင့်တရားရှိရမည်ဆိုရာဝယ် ခင်ပွန်းဖြစ်သူသည် ငါးပါးသီလကို စောင့်ထိန်းရမည်ဖြစ်သကဲ့သို့ ဇနီးဖြစ်သူကလည်း ငါးပါးသီလ စောင့်ထိန်းရပါမည်။ သာယာပျော်ရွှင်သော အိမ်ထောင်စုတစ်ခုအတွက် ငါးပါးသီလသည် အခြေခံကျသော တရားတစ်ခုဖြစ်နေပါသည်၊ ထိုသီလတည်းဟူသောကိုယ်ကျင့်တရားကြောင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုအပြည့်ဝရရှိနိုင် ပါသည်၊ ဥပမာ-ခင်ပွန်းဖြစ်သူ အရက်မူးလာလျှင် ဇနီးဖြစ်သူစိတ်ညစ်ရသည်၊ထိုမှတဆင့် လေးစားမှုနည်းကာ တစ်ဦးနှင့်တစ်ဦး အဆင်မပြေဖြစ်ကြကာ နောက်ဆုံးတွင် အိမ်ထောင်ရေးပြိုကွဲသည်အထိ ဖြစ်နိုင်ပေသည်၊ ထို့အတူ စာရိတ္တသီလဟုခေါ်ဆိုရသည့် ကျင့်ရမည့်ကျင့်ဝတ်တရားတို့တွင် လင်ကျင့်ဝတ်ကို ခင်ပွန်းဖြစ်သူက ကျင့်သုံးရန်နှင့် ဇနီးဖြစ်သူက မယားကျင့်ဝတ်ကို ကျင့်သုံးလိုက်နာသင့်ပေသည်။
ဇနီးမောင်နှံနှစ်ဦးစလုံး၌ ကိုယ်ကျင့်တရားကောင်းမွန်ပါက သာယာသောအိမ်ထောင်စုတစ်ခုဖြစ်ကာ နောင်တမလွန် ဘ၀အတွက် အခြေအနေကောင်းသော သုဂတိဘုံသို့ ရောက်ရှိနိုင်ပေသည်၊ တစ်နေရာတွင် မြတ်စွာဘုရားသည် ဇနီးမောင်နှံတို့၏ ကိုယ်ကျင့်တရားဆိုင်ရာကို ဖေါ်ညွန်းထားပါသည်၊ လောကတွင် ဇနီးမောင်နှံလေးမျိုးရှိပါသည်၊ သူသေယောင်္ကျားနှင့်မယားနတ်သမီး၊ သူသေမယားနှင့်ယောင်္ကျားနတ်သား၊ သူသေမယားနှင့်ယောင်္ကျားသူသေ၊ မယားနတ်သမီးနှင့်ယောင်္ကျားနတ်သား ဟူ၍ ဇနီးမောင်နှံလေး မျိုးရှိရာတွင် သူသေဟူသည် သီလမရှိသော သူကိုခေါ်ပြီး၊ နတ်သား/နတ်သမီး ဟူသည် သီလရှိသည်ကို ခေါ်ကြောင်း သီလကို အခြေခံ၍ ပြဆိုထားပေသည်။
ထို့ကြောင့် ပစ္စုပ္ပန်၌ ပျော်ရွှင်သော အိမ်ထောင်စုဖြစ်သည့်အပြင် တမလွန်ဘ၀တွင် ချမ်းသာသောဘုံ၌ အတူတကွဖြစ်လိုလျှင် ယခုဘ၀တွင် ကိုယ်ကျင့်တရားဟူသည့် ငါးပါးသီလကို အတတ်နိုင်ဆုံး စောင့်ထိန်းကြရန် အထူးလိုအပ်ပါသည်။
သမစာဂါ ဟူသည်
စာဂဟူသည် ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်းကို ခေါ်သည်၊ ဤ၌ ဇနီးမောင်နှံနှစ်ယောက်စလုံး စွန့်ကြဲပေးကမ်းလှူဒါန်းမှုနှင့် ပြည့်စုံရပါမည်၊ ဤနေရာ၌ လောကနှင့်ဓမ္မရှုထောင့် နှစ်မျိုးဖြင့် ကြည့်ရပါဦးမည်။
လောကရေးရာအားဖြင့် ဇနီးမောင်နှံများ ဘ၀တွင်လုပ်ကိုင်၍ အဆင်ပြေသောအခါ (ပြေလည်သောအခါ)တွင် နှစ်ဖက်မိဘများအား လိုအပ်ပါက ထောက်ပံ့ပေးကမ်းကြရပါမည်၊ ဇနီးဖြစ်သူက မိမိ၏ မိဘများအားထောက်ပံ့ပေးချင်သည်ဆိုပါက ခင်ပွန်းဖြစ်သူအား တိုင်ပင်ပြောဆိုရပါသည်၊ ခင်ပွန်းဖြစ်သူထံမှ သဘောတူညီမှုရရှိခဲ့ပြီဆိုပါက ပေးကမ်းစွန့်ကြဲနိုင်သကဲ့သို့ ခင်ပွန်းဖြစ်သူ၏ မိဘများအား ထောက်ပံ့ချင်သည်ဆိုပါက ဇနီးသည်အားတိုင်ပင်ရပါသည်၊ သဘောတူညီမှု ရရှိပြီဆိုလျှင် ခင်ပွန်း၏ မိဘဆွေမျိုးများအား ထောက်ပံ့အကူအညီပေးသင့်ပေသည်၊သို့မှသာ တစ်ဦးနှင့်တစ်ဦး အဆင်ပြေကြပေမည်။
တဖန် ဓမ္မရှုထောင့်မှ ကြည့်ကြမည်ဆိုလျှင်လည်း အလှူဒါနပွဲကို ချိန်ခါမဆွဲ ပြုလဲပြုချင်သပဆိုလျှင် ထိုအလှူဒါနပွဲအတွက် ဇနီး မောင်နှံနှစ်ယောက် စိတ်တူကိုယ်တူဖြစ်စေရန် တိုင်ပင်ကြရပါသည်။ နှစ်ဦ်းသားတို့၏ သဘောတူညီမှုကို ရရှိပြီဆိုတော့မှ ကုသိုလ်ပြုသင့်ပေသည်။ ဤသည်ပင်လျှင် တူမျှသော စာဂ ရှိသည်ဟု ပြောဆိုကြပါသည်။
တစ်ခါက စာရေးသူထံ ဇနီးမောင်နှံနှစ်ဦးယောက်ရှိလာပါသည်၊ ကိစ္စကားအခြားမဟုတ် အလှူပြုလုပ်ရန် လာရောက်လျှောက်ထားခြင်းဖြစ်သည်၊ နှစ်ယောက်သားတိုင်ပင်ထားခြင်း မရှိသည့်အတွက် စာရေးသူ၏ အရှေ့တွင် ထိုအလှူနှင့်ပတ်သက်၍ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို မတိုင်ပင်ရကောင်းလား ဟုဆိုကာ စကားများကြပါတော့သည်၊ စာရေးသူသည် မနေနိင်ရကား ထိုအလှူအတွက် အဆင်ပြေစေရန် အစကတည်းကတိုင်ပင်ရပါကြောင်း၊ ဒါပေသည့် ဖြစ်ပြီးသည့်ကိစ္စတစ်ခုအတွက် ပြန်ပြင်၍မရနိုင်တော့ပါကြောင်း ခင်ပွန်းဖြစ်သူကလည်း ဇနီးဖြစ်သူ၏ အပြစ်ကိုမမြင်ဘဲ အပြစ်မှခွင့်လွတ်လိုက်လျှင် ထိုကိစ္စမှာ ပြီးသွားမှာဖြစ်ကြောင်း ငြိမ်းချမ်းရေးတရား ဟောလိုက်ရပါတော့သည်။
ဆိုလိုသည်မှာ အလှူဒါနပြုလုပ်သည့်အခါ ဇနီးမောင်နှံများသည် မတိုင်ပင်ဘဲ ပြုလုပ်ကြသောကြောင့် စကားများရန်ဖြစ်ခြင်း စသည့် မဖြစ်သင့်သည့်အရာများဖြစ်လာကာ အမှိုက်ကစ ပြသဒ်မီးလောင် ဆိုသကဲ့သို့ နောက်ဆုံး တစ်ယောက်အပေါ်တစ်ယောက် အပြစ်မြင်ကာ အိမ်ထောင်ရေး ကွဲပြဲသွားတတ်ပါသည်၊ ထို့ကြောင့် အိမ်ထောင်ရေးသာယာပျော်ရွှင်စေရန် အလှူပြုလုပ်သည့်အခါတိုင်း တစ်ယောက်ကိုတစ်ယောက်တိုင်ပင်ခြင်းဖြင့် တူညီသောစာဂ တရားများရှိပါက သာယာပျော်ရွှင်ဖွယ် အိမ်ထောင်စုတစ်ခုကို ဖန်တီးနိုင် သည့်အပြင် တမလွန်ဘ၀တွင်လည်း အတူတကွ ဖြစ်နိင်ပါသည်။
သမပညာ ဟူသည်
တူညီသော အသိဥာဏ် ရှိရမည် ဖြစ်ပါသည်၊ ဘ၀ကို ရုန်းကန်လှုပ်ရှားကြရသည့်အခါတွင် လွယ်ကူစွာဖြေရှင်းရသော အရာများ ရှိသကဲ့သို့ တစ်ခါတစ်ရံ ခက်ခဲသည့်ပြဿနာကိုလည်း ဖြေရှင်းကြရပေသည်၊ထိုသို့ခက်ခဲသည့် ပြဿနာများကို ဖြေရှင်းကြရာတွင် ခင်ပွန်းဖြစ်သူက ငါလုပ်လျှင်ဖြစ်သည်ဟုဆိုကာ မတိုင်ပင်ဘဲ မနေရပေ၊ ဇနီးဖြစ်သူအား အခက်အခဲကို မည်သို့ပြုလုပ်သင့်ကြောင်း တိုင်ပင်ပြောဆိုရပါသည်၊ အဘယ့်ကြောင့်နည်း တစ်ယောက်တည်း ဦးနှောက်နှင့် ဖြေရှင်းသည်ထက် နှစ်ယောက်ဦးနှောက်ဖြင့် ကိုင်တွယ်ဖြေရှင်းပါက ပို၍မှန်ကန်ပေလိမ့်မည်၊ ထိုကဲ့သို့ဘ၀တွင် အခက်အခဲပေါင်းစုံတို့ဖြင့် ရင်ဆိုင်လာရပါက ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရှိရမည်ဖြစ်ပေသည်၊မည်သို့ပင်ဖြစ်စေ တစ်ဦးကိုတစ်ဦးနားလည်မှုပေးကာ တိုင်ပင်ကြမည်ဆိုပါက တူညီသော ပညာရှိသည်ဟု ဆိုရချေမည်။
အချုပ်ဆိုရသော် ဇနီးမောင်နှံများသည် တရားလေးမျိုးဖြင့် ပြည့်စုံအောင်ကျင့်သုံးနိုင်ကြမည်ဆိုလျှင် ပြဿဒါး ရက်မကောင်းသော်လည်း သာယာပျော်ရွှင်သော အိမ်ထောင်မှုဘ၀ခရီးကို ဖန်တီးနိုင်သည့်အပြင် နောင်ဘ၀တွင်လည်း အတူတကွဖြစ်ကြရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါတော့သတည်း။
ဦးကောဝိဒ(မြိတ်)
19, July, 2008, 9:14 pm