Tuesday, January 6, 2009

စလေဦးပုံည၏ သင်္ဂါယနာမှတ်တမ်း

ကျနော်စာအုပ်တစ်အုပ် ဖတ်ဖြစ်တယ်ဗျ အဲဒီစာအုပ်ကတော့ အခုဆိုရင် ရှားပါးစာရင်းဝင်နေပါပြီ ဒီအထဲက ဗဟုသုတအချို့ကို မျှဝေချင်တဲ့စိတ်က တားမနိုင်ဆီးမရဖြစ်လာလို့ လောလောဆယ်ရေးနေတဲ့ ထေရ၀ါဒကို ဦးခိုက်ခြင်း အပိုင်း (၂)ကို ရပ်ပြီး ကြား ဖြတ် တင်လိုက်တာပါ အဲ မှားတာမှန်တာကတော့ပညာရှင်တွေပြောကြပါလိမ့်မယ်ကျနော်အနေနဲ့ကကတော့ဒီစာကို ဖတ် ပြီးတဲ့အချိန်မှာ ကျနော်တို့ရှေးကလူကြီးတွေ သာသနာတော်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမထွန်းကားပြန့် ပွါးရေး သန့်ရှင်းတည်တန့်ရေးအတွက် အလုပ်တွေအများကြီး လုပ်ခဲ့ကြတယ် အခု ကျနော်တို့အလှည့် လို့တွေးမိတယ်…“လာ ကြကျနော်တို့အတူတူ လုပ်ကြမယ်” ။

စာအုပ်နာမယ်က သာသနမုခကျမ်း

ရေးတဲ့သူက ဆရာကြီးဦမြသိန်းထွန်း

(ပိဋကတ်တ္တရပါရဂူ-၀ိပဿနာဓမ္မပါမောက္ခ)

( ထွဋ်ခေါင်ဆရာတော်ကြီး၏မြေး)

အကြိမ်က (တတိယအကြိမ်)

ခုနှစ်က (မြန်မာ ၁၃၁၄ ခု)

ပုံနိပ်တိုက်က ယောဂီပုံနိပ်တိုက် ၂၄၅-လွီစ္စလမ်း ၊ရန်ကုန်

ထုတ်ဝေသူက ဦးမောင်ကြီး (ဆန်းလိုက်)

၂၈၃- ကရစ်လမ်း၊ရန်ကုန်အရှေ့ပိုင်း။

တန်ဖိုး ၂- ကျပ်တဲ့

အဲဒီအထဲက ဖတ်ရတာကို ပြန်ပြောပြကြောင်းပါခင် ဗျ ဒီအထဲမှာသင်္ဂါယနာ ဆိုတဲ့အခန်းပါပါတယ်

တစ်ခြား တော် တော်နက်တဲ့ဝိပဿနာ ပွားနည်းတွေလည်းရှိပါတယ် ကျနော်မကြားတောင် မကြားဘူးပါဘူးခင်ဗျ တချို့ဆရာတော် တွေ ၊လူပုဂ္ဂိုလ်တွေရဲ့နည်းတွေပါတယ်ဝိပဿနာအကြောင်းကို ရှင်ပြထားတာပါ။ အခုကျနော်ပြန်ပြောတာက သင်္ဂါယနာဆိုတဲ့ အခန်းပါ။

ရွာစဉ်ရွာစားမင်းလှ သင်္ခယာဘွဲ့ခံ စလေဦပုံညစီရင်အပ်သော သာသနပဝေဏိယအလကာင်္၌ မင်းတုံးမင်းအထိ (၁၁)ကြိမ်မြောက်သင်္ဂါယနာတင်ပြီးကြောင်းကိုတွေ့ရသည်။

ပဋ္ဌမသင်္ဂါယနာ။ ။ ရာဇဂြိုလ်ပြည်၊အဇာတသတ်မင်းသည်၊မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် လေးလမြောက်တွင် အရှင်မဟာကဿပ ရဟန္တာကြီးကိုအမှုးပြု၍ ရဟန္တာမြတ် ၅၀၀ တို့နဲ့(ရ) လ တိုင်တိုင် သင်္ဂါယနာတင်သည်။

ဒုတိယသင်္ဂါယနာ။ ။ဝေသာလီပြည် ကာလာသောက မင်းသည်၊သာသနာနှစ် ၁၀၀ ၌ အရှင်မဟာယသ ရဟန္တာကြီးကိုအမှူးထား၍ရဟန္တာ(၇၀၀) တို့နဲ့အတူ(၈) လတိုင်သင်္ဂါ ယနာတင်သည်။

တတိယသင်္ဂါယနာ။ ။ပါဋလိပုဋ် သီရီဓမ္မာသောက မင်ကြီး သာသနာနှစ် ၂၃၅ နှစ်၌အရှင်မဟာမောဂ္ဂလိတိဿပုတ္တမထေရ် ကြီးအမှူးပြု၍ ရဟန္တာ(၁၀၀၀)နဲ့ (၉)လ လုံး သင်္ဂါယနာ တင်ပါသည်။

စတ္တုထသင်္ဂါယနာ။ ။လကာင်္ဒီပကျွန်း ၀ဋ်ဋ၈ါမဏိမင်းသည် သာသနာနှစ် (၄၅၀)၌ ရှင်မဟာဓမ္မရက္ခိတမထေရ်ကိုအမှူးထားလျှက် ရဟန္ဘာကြီး (၅၀၀)တို့နဲ့ပေထက်အက္ခရာတင်သည်။

ပဉ္စမသင်္ဂါယနာ ။ ။ သာဂလပြည့်ရှင်မိလိန္ဒမင်ကြီးသည် သာသနာနှစ်(၅၀၀)၌ ရှင်နာဂသိန်ကိုအမှူးထား၍ သင်္ဂါယနာတင်သည်။

ဆဋ္ဌမသင်္ဂါယနာ။ ။ သုဝဏ္ဏဘုမ္မိသထုံပြည်ဓမ္မပါလမင်းသည် သာသနာနှစ်(၉၅၆)၌ ရှင်မဟာ ဗုဒ္ဓ ဃောသနဲ့တိုင်ပင်၍ ပိဋကတ်သုံးပုံ၏အကျဉ်းဂါထာပေါင်းတသိန်းလေးသောင်း ရှိသော ၀ိသုဒ္ဓိမဂ်အပါဝင် သင်္ဂါယနာတင်သည.်။

သတ္တမသင်္ဂါယနာ။ ။ ပုဂံပြည်အနော်ရထာမင်းသည် သာသနာနှစ်(၁၆၀၁)နှစ်၌၊အတိုရသနှစ် ၄၉၁ နှစ်တွင်၊ ရဟန္တာရှင်အရဟံကို အမှူးပြုလျှက်၊ရဟန္တာ(၁၀၀၀) တို့နဲ့အတူသင်္ဂါယနာတင်သည်။

အဋ္ဌမသင်္ဂါယနာ ။ ။ ရတနာပူရအင်းဝမြို့တော်၌ သာသနာနှစ်(၂၀၇၀)ပြည့်၊သက္ကရာဇ်(၈၈၈) ခုနှစ် ရှမ်းသိုဟန်ဘွားသည်၊ပိဋကတ်တော်များကိုဖျက်ဆီးပစ်ရာတပြက်မြို့သားရှင်တိဿဇနနဲ့ဒုတိယဇေတ၀န်ဆရာတော်တို့၊ညှိနိုင်းတိုင်ပင်ကြကာသင်္ဂါယနာတင်ကြသည်။

န၀မသင်္ဂါယနာ ။ ။ ရတနာသိင်္ခ ကုန်းဘောင်ပြည်၊အလောင်းမင်းတရားကြီးသည်၊သာသနာနှစ် (၂၂၉၇)နှစ်၌သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင်၊ မဟာအတုလယသဓမ္မရာဇာဂုရု၊နာမံတော်ရှိသော မထေရ်ကြီး ကိုအမှူးပြု၍ သင်္ဂါယနာတင်သည်။

ဒသမသင်္ဂါယနာ။ ။ အင်းဝပြည်စဉ့်ကူမင်းသည်သသသနာနှစ်(၂၃၂၀)နှစ်၊သက္ကရာဇ်(၁၁၃၈) ခုနှစ်တွင်၊ ရှင်၇င်းမတိမာန်၊ရှင်နန္ဒမာလာတို့နဲ့သဂ်ွယနာတင်သည်။

ဧကဒသမသဂ်ါယနာ။ ။ရတနာပုံမန္တလေးနေပြည်တော်မင်းတုံးမင်းမြတ်သည်၊သာသနာနှစ်(၂၄၁၅)နှစ် သက္ကရာဇ်(၁၂၃၃)ခုနှစ်၌၊ပရိယတ္တိဝိသာရဒ သီလ၀ိသုဒ္ဓိဖြစ်တော်မူသောရာဇဂုရုတံဆိပ်တော်ရ၊ ဆရာတော်ကြီးများနှင့်ပိဋကတ်သုံးပုံ၌၊လိမ္မာတော်မူကြကုန်သော၊ ရဟန်း(၂၀၀၀)တို့အပြင်၊အတွင်း ၀န်ခန်းပတ်မြို့စားကြီးမင်းကြီးမဟာဥဇနာ၊ယောမြို့စားမင်းကြီးမင်းလှမဟာစည်သူ၊သံတော်ဆင့်မိုင်းခိုင်းမြို့စားသီရိဇေယျသူ၊သံတော်ဆင့်နေမျိုးရာဇစည်သူတို့ကိုကြပ်စေ၍(၅)နှစ်ကျော်မျှရေးသားထုလုပ်စေသော၊ ၀ိနည်း၅ ကျမ်းပါဠိတော်ကျောက်ချပ်ရေ(၁၀၀)အဘိဓမ္မာခုနှစ်ကျမ်းပါဠိတော်ကျောက်ချပ်ရေ (၂၀၈)ချပ်၊သုတ်သုံကျမ်းပါဠိတော်ကျောက်ချပ်ရေ(၄၁၀)တို့ကိုကုသိုလ်တော်၊လောကမာရဇိန်စေတီတော်ကြီးအတွင်း၊အုတ်ပြာဿတ်ဂူ၊(၇၂၈)လုံးတည်တော်မူ၍စုစုပေါင်းကျောက်ချပ်ရေ(၇၂၈)တွင်၊ ကျောက်စာပိဋကတ်တော်များကို၊သေလက္ခရသင်္ဂါယနာတင်သည်။

ဒါ စလေဦးပုံညရဲ့သင်္ဂါယနာတင်စာရင်းပါ၊ပဉ္စမအကြိမ်ကနေ၊ဒသမအကြိမ်ထိသင်္ဂါယနာတင်စာရင်းဟု ဆရာတော်ကြီပညာရှင်ကြီးများအမှတ်မယူသော်လည်း၊ရှေးမြန်မာတို့သည်မိမိတို့၏စွမ်းအေားရှိသ လောက် သာသနာတော်တည့်တန့်ရေး၊သန့်ရှင်းရေး၊ပြန့်ပွါးရေးကို၊ဦးလည်မသုံထမ်းရီကခဲ့ကြပါသည် ဆိုသောအထောက်ထား ကိုပြနိုင်ခဲ့ပါသည်ဟုဆိရပါမည်၊

အခုသော်ကား သာသနာတော်အရှည်တည်တံ့နေစေရန် အကျွန်တို့ဝန်သာဖြစ်တော့အံ့။

3 comments:

သူကြီးမင်း (တုံးဖလား) said...

ထေရ၀ါဒဗုဒ္ဓသာသနာပြန့်ပွါးရေးကို လာရောက်ဖတ်ရှုသွားပါတယ်။ အထူးသဖြင့်သင်္ဂါယနာမှတ်တမ်းကို နှစ်သက်မိပါတယ်။ သုတေသီတွေအတွက် ထပ်ပြီးသုတေသနပြုသင့်တဲ့ ဆောင်ရွက်ချက်တွေပါ။ ကျနော် သင်္ဂါယနာအများကြီးတင်ခဲ့တယ်ဆိုတာ ကြားဖူးခဲ့ပါတယ်။ ၆ ခုကိုဘဲ ထေရ၀ါဒအများစုက လက်ခံပြီး ကျန်တာကို လက်မခံဘူးလို့လဲ သိရတယ်။ အခု ဆောင်းပါးလေးကို ဖတ်ပြီး ဒီထက်မက သံင်္ဂါတင်ခဲ့တဲ့ အကြိမ်ရေများ ရှိနေဦးမလားဘဲလို့ အတွေးပေါက်မိပါတယ်။
ရွှင်လန်းပါစေ။

ဆန်းဝင်း said...

ဖတ်ရှုသွားပါတယ် ခင်ဗျာ။ မြင်းစီးပီး အထီးအမ မသိ တော့ ဖြစ်နေတယ် ။ မသိတာတွေ သိရတဲ့အတွက် ကျေးဇူးပါဗျာ..

Sothin said...

please check again U Mya
Thein Tun Bio and Tharthana Vinisaya. My knowledge - he is Ahdhamma.