Sunday, September 27, 2009

အ..ရဟံဂုဏ်တော်၊ လောကပါ လ တရားများနဲ့ ကျနော်

လောကပါ လ တရား ဆိုတာ လောက ကိုစောင့်တဲ့ တရားတဲ့ လူတိုင်း သိတယ်၊ဒါ ပေမဲ့ ဘယ် လို လောက ကိုစောင့် သလဲဆိုတာတော့ တွေးရတယ်လေ၊ တရာတော် တွေထဲမှာတော့ လောက ကို သုံမျိုးခွဲပြီးပြတယ်
သတ္တလောက ၊သြကာသလောက၊ နဲ့သင်္ခါရလောက..ဒီသုံမျိုးသော လောကထဲမှာ ကျနော်တို့သိ နား လည်တဲ့
အရှက်နဲ့ အကြောက်ဆိုတဲ့ လောကပါ လတရားနှစ်ပါး က သတ္တလောကကို စောင့်ပါတယ်၊ အထူးသဖြင့် ကျနော်တို့ ပုခုံးနှစ်ဘက် ကြားက ခေါင်းပေါက်ပြီး ဒါဝင် ပြောတဲ့ မျောက် ကဆင်းသက် လာ တဲ့ အမျိုးကိုစောင့် ပါ သတဲ့ ကျနော်ဆိုလို တာ က လူသာမျိုးနွယ် ဆင်းသက် လာ ပုံ ကို မဟုတ် ဘူးဗျ၊ လူ ဟာ မျေက် ကပဲဆင်း ဆင်း ဗြဟ္မာက ပဲ လာ လာ၊ လူ သား ကမ္ဘာကိုတော့ရောက်လာ ခဲ့ပါ ပြီ လူ့ယဉ်ကျေး မှု၊ လူ့ သမိုင်း တွေ ကို လက် ဆက် ကမ်း ခဲ့ ကြ၊ တည် ဆောက် ခဲ့ကြ ပြီးတော့ ဖြိုဖျက် ခဲ့ကြပြီးပါပြီ၊ အခု ကျနော် တို့ရဲ့ကမ္ဘာ ပေါ့ ဗျာ
ကျနော်တို့ အလှည့်၊ တည် ဆောက် မလား၊ဖြိုပျက်မ လား ကြိုက်တာ လုပ်ကြလေ၊။

ကျနော်တို့နှလုံးသားမှာ အရှက်တရားနဲ့ အကြောက်တရား တကယ်ကို ကိန်းနေကြပါ ရဲ့ လား လို့မေးခွန်း ထုတ်ကြည့် ပါ ၊ ဘာကိုရှက် ပြီး ဘာ ကိုကြောက်ရမလဲ ဆို တာ က လူ တိုင်း သိ ပြီးသား မကောင်းမှု တွေ လုပ်ရ မှာ ကိုရှက် ပြီး အကုသိုလ် ကံတွေကျူး လွန်ရမှာ ကိုကြောက်ရမှာလို့ လူတိုင်း သိတယ်၊ဗုဒ္ဓဘာ သာ ၀င်တိုင်း လည်း သိတယ် ဒါပေမဲ့ လူရှေ့ ကျ တော့် ရှက်တတ် ကြောက်တတ် ပြီး ကွယ်ရာကျ တော့ ဒီတရားနှစ် ပါး ဘယ်မှာ ပစ် ထားကြ လဲ မသိတာ က ဆိုးနေ တယ်၊

မြတ်စွာဘုရားရှင်ရဲ့ အရဟံ ဂုဏ်တော် ကြီး ကို မှန်းဆပူ ဇော်မိ လေ ဘုရားရှင်ရဲ့ လော ကို ကျေးဇူးသိတတ် မှုနဲ့ ကျေးဇူးဆပ်တတ် မှု ကို ပိုပြီးကြည် ညိုရလေ ပါ ပဲ
အ….ရဟံ ဆိုတဲ့ဂုဏ်တော် အဖွင့် က မကောင်း မှု ကိုရှေ့တည့် နောက် ကွယ် စိတ် တော်နဲ့တောင်မှ ပြု လုပ်ကျူး လွန်မှုမရှိတဲ့ ဂုဏ်တော် ဒီတော့ ကျနော့် စိတ်နဲ့ မနိုင်း ကောင်း နိုင်း ကောင်း ပြန် ပြီးယှဉ်ကြည့်တယ်
အပါယ် ကို တိုက်ရိုက်သွားနိုင်မဲ့ လော ဘ၊ ဒေါ သ မော ဟ၊ ၀န်တို မစ္ဆေယ စိတ် တွေနဲ့ ခန္ဓာ ၀န် ကို ထမ်း သူ လို့ ပိုပြီး သိ လာ တယ်၊ ပါးစပ်က ဘုရား လက်က လည်းတရား သို့သော် နှလုံး သား က အဓမ္မ ကိုမက် မော စွာတွယ် ဖက်ထားနေတာကိုတွေ့ရတယ်။

လောက ကို ငြိမ်း စေ ချင် သော်၊ လောက ပါ လတရား ကို ထိန်းရ ပါ့ မယ်ဆိုတာ အသိ အဆင့် မှ အကျင့် အဆင့် ကို တက် မှ ရ မယ် ဆို တာနား လည် လာ သလို၊ ကိုယ့် ရဲ့ ကာယကံ ၊၀စီကံ၊ မနောကံ ကို
ထိန်း သိမ်းရ ပါ့ မယ်၊.. အခု က အမိနဲ့သား၊ အဘနဲ့သမီး မကြည့် ၀ံ့သော် ကာ လပေါ် ၀တ်စားဆင်ရင် ပုံများ ကို အတု ခိုးမှား ပြီး လူ လယ် ခေါင် ၀တ။်မပြော သင့် တဲ့စကား ပြော၊ မကောင်း မှုနဲ့ကောင်း မှု တောင်မှ ခွဲ ခြား မသိနိုင် တော့ သော ခေတ် တခုဖြစ် နေ လို ကျနော် ထင် ပါတယ်၊
အဲ လိုတွေ ၀တ် လာတော့ မင်းသား ခေါင်းဆောင်း ပန်းစား ဘီ လူးတွေ လည်းပေါ လာ တယ်။လူသားမှရွှေးစားတဲ့ မယ်ဂမ္ဘီတွေများ လာတယ်။ လောက အသီးသီးမှာ ရှိတဲ့ ကျင့် ၀တ် သိကခာ ကိုစောင့် စည်း မှုတွေ နည်း လာ တယ်၊စာ ခိုး၊သီချင်း ခိုး၊အနုပညာ သူ ခိုးတွေ လည်း ဖောင်း ပွ လာ တယ်
နဲနဲလောက် တော့ရှက်ကြည့် စေ ချင် ပါတယ်၊ကြောက် လည်း ကြောက် ကြည့်စေ ချင် ပါတယ်၊ တဘ၀စံ ခရီသွားများ အတွက် လောက ပါ လ တရားနှစ် ပါး က စဉ်းစားစရာ မလို သော် လည်း သံသရာ ကိုယုံကြည် သူ များ အနေဖြင့် လော ကပါလ တရားကို မြတ်နိုး သင့် ပါကြောင်း။။။

လေးစားစွာ ဖြင့်
ဥပသကာ
ငြိမ်း ချမ်းကြပါစေ

Friday, June 26, 2009

သူတော်ကောင်းတို့၏အသံတော် အပိုင်း(၂)

ညနေစောင်းတော့ ဆရာတော်နှစ်ပါးရေ သုံးသပ်ဖို့အတွက်ပြင်ဆင်ပေးရင်းနဲ့ ကျောင်းဝင်းထဲလှမ်းကြည့်မိတယ် သစ်ပင်လေးတွေက စိမ်းစိမ်း သရက်ပင်တွေ ပိန္နဲပင်ကြီးတွေ ပြီးတော့ ကျောင်းနောက်ဖက်က ခရေပင်ကြီး လည်း လှနေတယ်၊သူတော်ကောင်းတို့ရဲ့ပျော်စံရာက အငြိမ်းဓာတ်တို့ကိန်းနေတယ်၊ငှက်လေးတွေသီချင်းဆိုနေကြပရဲ့ ငြိမ်ချမ်းရေးသီချင်းဖြစ်ပါလိမ့်မယ် ရေချိုးနေကြတုံး ကျောင်းကဦဇင်းတွေ ရောက်လာတာနဲ့ ဆရာတော်နဲ့ဦဇင်းတွေကိုခွင့်ပန်ပြီး ကျောင်းပေါ်ကကြည့်လိုက်ရင် လှမ်းမြင်နေရတဲ့ ခရေပင်ကြီး ရှိရာကို ကျနော် သွားလိုက်တယ် ကျောင်းရောက်တိုင်း အဲဒီနေရာလေးမှာထိုင်ပြီး အလုပ်လုပ်ရင်လုပ် မလုပ်ရင် တိမ်တိုက်တွေ နဲ့ အိမ်ပြန်ငှက်တွေကိုကြည့်ရင်း……..။



“ အော်နေညှိုနေပြီ ၀င်တော့မယ် ၊ ကျနော်လည်းအိုပြီသေတော့မယ် ဘာရသေးလဲ ဘာလုပ်ပေးခဲ့နိုင်လဲ လူတွေ အတွက် ဘာချန်ထားခဲ့ လဲ၊ အိမ်ပြန်ငှက်တွေက ကျနော့်ကိုအပါယ်လေးဘုံမှာ ပြန်ဆုံမလားလို့မေးနေတယ်ထင်ရပါ့ လေ…သာမာန်ပုထုဇဉ်ကျနော်ရဲ့ အမြဲတန်းနေအိမ်က ငရဲ ပြိတ္တာ အသူရကာယ် နဲ့တိရိစ္ဆာန် ” လေ.. အခုလူအမည်ခံတာတောင်မှ တိရိစ္ဆာန်စိတ်က၀င်ချင်သေး ၀င်လာသေး တယ်လေ..လာသေးတယ် ငါကဘာကောင် မင်းကဘာကောင် အကောင်တွေဇာတိပြသေးတယ် ဘယ်ကလာလဲ ဆိုတာ ကို အပြိုင်ဆိုင်ကြွားကြသေးတယ်၊ သေရင်အပ်တိုတစ်ချောင်းတောင် ယူမသွားနိုင်မှန်းအသိ နဲ့ပင် ရရှိနေဆဲ အခွင့်ရေး စိးစိမ်တွေကို မလွတ်တန်းဆုပ်ကိုင်ချင်ကြတယ် ဘာအတွက်လဲတော့မသိ လူ့ဘ၀သရုပ်အစစ်က ဘာလဲ မြဲရေးလား တည်တန့်ရေး လား အစဉ်ထာဝရလား ၊မသိတာလား သိသိရက်နဲ့မိုက်ချင်တာ လား လို့ပြန်မေးတော့ မိုက်နေသူသာ ကျနော်ဟာ တကယ့်ကို မိုက်နေသူလေ ယူဆောင်သွား လို့မရတဲ့ အရာ အားလုံးကို ပိုင်ဆိုင်ချုပ်ကိုင်ပြိး ထာဝရနေအိမ်မှတ်နေ သူပါ။

တရားတော်ရဲ့အနှစ်သာရကို ကျနော်တကယ်မြင့်ခဲ့ပြီလား၊ဆိုတဲ့မေး ခွန်း ကို ပြန်မေး မိတယ်၊ ကိုယ့်ဘာသာကိုယ်၊မေးရင်းနဲ့ပဲ စိတ်ကစာရေးနေတဲ့ အပေါ်အတွေးရောက်သွားတယ်လေ မရေးတတ်ရင် ငရဲကျမဲ့ အလုပ်က စာရေးတဲ့ အလုပ် လို့တွေးနေရင်း ကျနော်ဖတ်ခဲ့ ဘူးတဲ့ အကိုကြီး မင်းဒင်ရဲ့ စာတစ်ပုဒ်ကို သတိရ လာတယ် ဖတ်ဖူးပြီးသားဖြစ်မှာပါ ဘလော့ဂါနဲ့ သူခိုးပုံပြင် ဆိုတာလေ သူခိုးထက်ပို အပြစ်ကြီးသောစာရေးဆရာ များဖြစ်ခဲ့လျှင်…ဆိုတဲ့အတွေးကခေါင်းထဲရောက်လာပြန်တယ်။

အဲလိုတွေးနေရင်းနဲ့ပဲ ဖတ်ဖူးတဲ့စာအချို့ခေါင်းထဲရောက်လာတယ်လေ သတိပြုစရာပေါ့ စာရေးသူတိုင်း စာရေးချင်သူတိုင်း သတိထားစရာပါ။ ဘာလဲဆိုတော့



မိမိကိုယ်တိုင်လည်းအမြင်မှားနေ၏၊(မိစ္ဆာဒိဋ္ဌိဖြစ်နေ၏) ၊သူတပါးတို့အားလည်း မိမိလိုအမြင်မှားအောင် မစ္ဆာဒိဋ္ဌိဖြစ်အောင် ရေးသား ဟောပြော ထုတ်ဝေ၏ ထိုသူမျိုးသည်သေလျှင်ဧကန္တ အပါယ်ငရဲသို့သာ ကျရပေသည်။

(ပါရာဇိကဏ်ပါဠိတော်၊ဒိဗ္ဗစက္ခုညာဏကထာ၊အခန်းမြန်မာပြန်)

စာရေးသူလိုမျိုး တောမရောက်တောင်မရောက်စာရေးသူတွေ သေချာသလောက်ရောက်မဲ့နေရာပေါ့ ၊ပြီးတော့ရေး ချင်တာကလည်း ဘာသာရေး ဆိုတော့ ရေးရမှာ လည်း ခပ်တွန့်တွန့် ၊ခက်တာက ပြန်ပြောပြချင်တာလဲ အလွန်..အင်း…..ဆရာကြီး လုပ်တာ မဟုတ်၊ ၀ါသနာကိုယ်တိုင်က ကိုယ်သိသလိုသိစေချင်တာ ကိုယ်ကစာအုပ်လေး တစ်အုပ်လောက်ဖတ်ကြည့် ကောင်းရင် လက်တို့ တတ်သူ ဆိုတော့ လည်း အခက်သား။


ဒီလိုတွေးနေရင်းနဲ့ ပဲဆရာတော်အခေါ် ခိုင်း တယ် ဆိုပြီး ရေမြစ်ကြီးဆရာတော် လေး က ပြောတော့ ဆရာတော့် နောက်က ခပ်ခွာခွာ လိုက်ရင်း ဆရာတော်သီတင်းသုံးရာကျောင်း တော်ဆီ လိုက်ဖြစ်ခဲ့တယ် သံဃာတော်နဲ့ ပခုံးချင်းယှဉ်လိုက်ရဲသောသတ္တိ ကျနော့်မှာ မရှိ။ ဒီနေရာမှာ ဝေဘူဆရာတော်ကြီးရဲ့ အဆုံးအမ ကိုသတိရတုံး ပြန် ပြောရရင်ရင်…..။


ဘုရင်သားကို ပါးစပ်နဲ့အစော်ကားရင် လျှာအဖြတ်ခံရမယ်၊ လက်နဲ့၇ိုက်ပုတ်မိရင် လက်အဖြတ်ခံရမယ်၊ ခြေနဲ့ ခတ်မိရင် ခြေအဖြတ်ခံရမယ်၊ ဒီထက်ပိုဆိုးရင် အသတ်ခံရမှာပဲ..အခုသံဃာတော်ဆိုတာ၊ ရဟန်းဆိုတာ ၊ ဘုရင်သား ထက်မြင့်တဲ့ မြတ်တဲ့ ဘုရားသား..ဒီတော့ ပြစ်မှားရင်ဘာ ဖြစ် မလဲ..စဉ်းစားဗျာ တဲ့လေ ၊ အကျယ်ကိုသိချင်သူများကတော့ ဘေူဆရာတော်ဘုရားကြီးရဲ့ သံဒိဋ္ဌိက တရားတော်များ ဆိုတဲ့စာအုပ်မှာ ဖတ်ရှု ကြည်ညိုနိုင်ကြပါ တယ် ခင် ဗျ။


နောက်တော်က လိုက်ရင်း၊ ကျောင်းတော်ကိုရောက်တော့ ဆရာတော်နှစ်ပါး ကစကားမြည်စ ပြောနေကြပြီ ကျနော်လည်း အလိုက်တသိနဲ့ ဘုရားကို ဦးချပြီးဆရာတော်တွေကို ဦးချ လိုက်တယ် နောက်တော့ ၀တ်ဖြည့်ဖို့ ဖျာခင်း တော့ ဆရာတော်ကြီးက နေရာယူရင်း ..မိန့်လိုက်ပုံက….။

သားအငယ်ရေ…ငါတို့သာသနာတော်ကြီးအတွက်၊ ငါတို့အား လုံးမှာတာဝန်ရှိတယ် လုပ်လည်းလုပ်ရမယ် ဒါပေမဲ့ သတိထားရမှာက ဘာသာခြားထက်ပြုမရောင်နဲ့ဖျက်တဲ့ ပုဂ္ဂိုလ်တွေကွဲ့၊ပြီးတော့ အစဉ်အတိုင်းသွားရမဲ့ ဟာကိုကျော်သွားနေတာတွေ့ရတယ် အဲဒီလိုကျော်သွားနေတာဟာ အလုပ်ခွင်မှာ လည်း အနှေက်အယှက်ပဲ၊ တို့များ မိုးကုတ်ဆရာတော်ကြီး ဟောထားတာရှိပါတယ်၊ သေချာမှတ်နော်..ခန္ဓာ၊ အယာတန၊ ဓာတ်၊ပြီးတော့ သစ္စာ နော်မှ ပဋိစသမုပ္ပတ် နော်၊ အခု က လာတာနဲ့ ဘာတဲ့တန်းပြီးပဋိစ လိုက်ကြရော၊ အောက်ခြေပြတ်နေကြတာပါ၊ တကယ်တန်း က ခန္ဓာက စရမှာဗျ၊ဒီခန္ဓာကြီးရဲမမြဲပုံဆင်းရဲပုံကို အသေချာကို၊ ပိုင်းခြားသိထားရမှာဗျ၊နောက် အတွင်းအာယတနနဲ့အပြင်အာယတနအလုပ်လုပ်ပုံကို မမြဲတရားနဲ့ မြင်အောင်ကြည့် မဟုတ်ရင်ဓာတ်ကိုကြည့်၊ပိုပြီးရှင်းအောင်ပြောရရင်တော့ ခန္ဓာမှာ သစ္စာဆိုက်အောင် သိ နောက်ပြီး အာယာတနမှာ သစ္စာ ဆိုက်အောင် သိ၊ ပြီးတော့ ဓာတ်မှာသစ္စာ ဆိုက် အောင်ကြည့် အဲ လိုမမြဲဆင်းရဲ ရတဲ့ အကြောင်းကျိုးတွေရဲ့ အဖြေက ပဋိစ္စသမုပ္ပတ် မှာကြည့် ဒါမှ တကယ့်ကို ဆရာတော်ကြီး အလိုတိုင်း ကိုယ်တွေ့နား လည်မှာ ဗျ။ သစ္စာနဲ့ ပဋိစ္စသမုပ္ပတ်ကတွဲနေမှ ဗျ။



တင်ပါ့ဘုရား..ဟုဝန်ခံ ချိန်မှာပဲ သက်တော်ကြီးရင့်တော်မူ လှပြီးဖြစ်တဲ့ဆရာတော် ကြီး ကိုကြည့်ရင်း သံဃဂုဏ် ကိုဆင်ခြင်မိနေသလို နော်တရားမော ခင်မှာ ခုနက ဆရာတော်ကြီး ပြောတဲ့ တရား သဘော ကိုတွေးရင်း အင်းမဆရာတော်ကြီး (မှတ်ချက် - ရဝေနွယ်အင်းမဆရာတော်မဟုတ်ပါ) သိမ်တောင်အင်းမ ဆရာတော်ကြီးရဲ့ မိန့်တော်မူ ချက်အချို့ ကိုပြန်ပြီးသတိရမိပါတယ်လေ..ဒီလိုပါခင် ဗျ။

ဝိပဿနာပညာဆိုတာ၊လူသာမန်၊နတ်သာမန်၊ပုထုဇဉ်သာမန်တို့မကြံအပ်၊မကြံစည်နိုင်ရာ၊၀ရဇိန်မိုးကြိုးစက်သွားပမာ စိန္တမယပညာ၊၀ဋ်ဒုက္ခကိုကုန်ခန်းစေရာ၊တိဟိသ်ပုဂ္ဂိုလ်တို့နဲ့သာထိုက်ရာ၊တန်ရာ၊ကြံစီရာဖြစ်သော သည်ဝိဇ္ဖာ လမ်းကြီးသည်…..တဲ့လေ၊ အကျယ်သိခ်ျသူများအတွက် ကျမ်းက

ဓမ္မစင်္ကြာဆရာတော်ဘုရားကြီး၏ ပထ၀ီဓာတ်နဲ့ညဏ်ကိုးလွာခေါ် ၀ိပဿနာ လုပ်ထုံး ကျမ်း ကိုကြည့်ကြပါ ခင် ဗျ။



အဲဒါပေ မဲ့ ကျနော်တို့က တိဟိတ်ဒွိဟိတ် လား ကိုယ့် ဘာသာကိုယ်မသိနိုင်တော့ အလုပ်ကို တကယ် အပ်ချမှတ်ချ လုပ်ရမှာလေ။ လယ်တီဆရာတော် ကြီးရှဲု အဆုံးအမ အတိုင်း ပေါ့လေ တိဟိတ်၊ဒွိဟိတ် ၀ိစ္ဆိကိတ် ဘေး ချိတ် ထား ပါဘိတဲ့လေ၊ အင်းမကြီးဆရာတော်ရဲ့သြ၀ါဒကို ပြန်ပြောပြမိတာက တရားတော်ရဲ့ လေးနက်မှုသဘောကိုသိစေချင်လို့၊ပြီးတော့တရားတော်ကိုလွယ်လွယ် လုပ်နေကြလို့ပါ၊ဗြဟ္မဇာလာသုတ်မြန်မာ ပြန်ဖတ်ဖူးသူတိုင်သိမျာပါ…..“


ငါဘုရားထိုးထွင်သိမြင်သောတရားတို့မှာ နက်လည်းနက်နဲ၏ မြင်လည်းမြင်နိုင်ခဲ၏ ထိုးထွင်းပြီးလည်သိနိုင်ခဲ၏၊ တည်လည်းတည်ငြိမ်လွန်းသည်၊ မွန်လည်းမွန်မြတ်သည်၊ အတွေးခေါ်သက်သက်ဖြင့်လည်း မှန်ကန်စွာမမြင်နိုင်၊ သိမ်လည်းသိမ်မွေ့လှ၏ ပညာရှိသူမှသာအရသာခံနိုင်ပေမည်…ဆိုတဲ့ ဗြဟ္မဇာလသုတ်မြန်မာ ပြန်ထဲက တရားတော် ကို ပြောနေသလိုပါ ဗျာ။


စာကရှည်နေလို့ ခဏနား ပါ့မယ် ။နောက် လာမဲ့ အပိုင်း(၃)မှာ လည်း သြ၀ါဒတော်တချို့နဲ့ သရဂုံ ကျင့်စခန်း နိဒါန်း ကို ပြန်ပြီးဖေါက်သည်ချပါ့မယ်။

လေးစားစွာဖြင့် ဥပသကာ

Wednesday, June 24, 2009

သူတော်ကောင်းတို့၏အသံတော် အပိုင်း(၁)

တနေ့ကတော့ ကျောင်း ထဲမရောက် ရောက် အောင်သွားမယ် ဆိုပြီးသွားတော့ လည်း၊ မဖူးမြင်ရတာ ကြာပြီဖြစ်တဲ့ ကျေးဇူးရှင် ဆရာတော်ဘုရားကြီးဆီ ရောက်ဖြစ်တယ် အလုပ်တွေများနေတဲ့ ခုတလောက စိတ်ထဲမှာငြီးစီစီကြီး ခံစားနေရသလို၊ ကိုယ်ရေးတဲ့ကဗျာ ကိုယ်ပြန်ဖျက်လိုက်ရတဲ့ ခံစားမှုအသစ်က၊ ကျနော့်ရင်ကို ထပ်ပြီးဖို့လိုက်တော့၊ ဦးနောက်ကြီး ထူသွားသလို နှလုံးသားလည်း ထူသွားတယ်ဆိုပါတော့၊ ငယ်တုံးက ကျောင်းသားဘ၀မှာ သူများပြောတာ မခံချင်လို့ စာ…စာ…..စာ.. တွေချည်းဖြစ်လာတော့ ဦးနောက်က ထူထုံထိုင်းကြီး ဖြစ်လာတယ်၊ အခု လည်း သူများရမ်းတာ မခံချင်လို့ ကဗျာကို ပြန်ဖျက်လိုက်ရပေမဲ့ နှလုံးသားက ထူပြီးထုံနေတယ်၊ ခံစားချက်မဲ့နေတဲ့ စက်ရုပ်တစ်ရုပ်လိုပဲ၊ အစစအရာရာကို ကြောက်ပြီးနေရတဲ့ဘ၀၊ ကြာတော့လည်း ကိုယ့်ဘာသာကိုယ် မုန်းလာတယ်.. တကယ်၊ စိတ်ထဲလေမဲ့အစား တခုခုလုပ်ရင် ကောင်းမယ်ဆိုပြီးတော့၊ ဘုရားမှာ လှူထားတဲ့ သင်္ကန်းတစ်စုံကို ယူပြီး တောရကျောင်းထဲကို ၀င်သွားတယ်၊ တကယ်တော့ ဒီသင်္ကန်းတစုံက ၀ယ်ထားတာ ကြာပါပြီ၊ ကျနော်က သူ့အတွက်ပေါ့လေ… အနစ်နာခံနေသူ အတွက်ပေါ့လေ၊ အလှူလုပ်ပေးနေကြ၊ အဲလှူမယ်ဆိုပြီးတော့ ၀ယ်ပြီး အိမ်ကဘုရားမှာ အရင်ကပ်ပြီး ထားခဲ့တာလေ။ သွားမယ်လုပ်လိုက်.. မဖြစ်လိုက်နဲ့၊ သွားမယ်ဆိုရင်တော့ မဝေးပါဘူး တရက်လောက် နေချင်သေးတယ်၊ တညလောက် ဆရာတော့်အရိပ်မှာ ခိုချင်သေးတယ်၊ အလုပ်ခွင်ထဲ မရှင်းတာတွေ မေးချင်သေးတာကိုး၊ အခုတော့လည်း ရက်ခြင်းပြန်ပဲ သွားမယ်ဆိုပြီးတော့၊ သင်္ကန်းပိုက်ပြီးတော့၊ ဟန်ဆောင်မှုကင်းရာ၊ မာယာမဲ့ရာ၊ သစ္စာရှိရာ ကျောင်းတော်ကိုပဲ လှမ်းဖြစ်တယ်လေ။

ကျောင်းထဲရောက်ရင် ကျနော် ကခလေးဖြစ်ပြီ၊ ဆရာတော်ရေးချိုးဖို့ ရေခပ်ပေး၊ ဆွမ်းစားဖို့ ဆွမ်းကပ်ပေး၊ ဆရာတော်စားပြီး ချကျွေးတာကို စားပြီးတော့ နေ့လည် ကျိန်းတော်မူချိန် ဆိုရင်၊ အနားမှာထိုင်ပြီး ၀တ်ဖြည့်၊ မေးချင်ရာကိုမေး၊ အားမနာတမ်း ထော့ပြီးကလှော်ပြီးမေး၊ ညဖက်ကျတော့ ဆရာတော်နဲ့ အတူအလုပ်လုပ်၊ မဟုတ်ရင်လဲ ကိုယ့်ဘာသာကိုယ်၊ ဇရပ်ပေါ်ဖြစ်ဖြစ် သိမ်ထဲဖြစ်ဖြစ်လုပ်၊ အိပ်ပျော်နေရင် အဆဲခံ အအိပ်မက်ရင် မနက်ကျအဆဲခံ၊ ဘယ်လိုဆဲလဲ သိလား၊ “နင့်ရုပ်ကလေ.. အိပ်နေလိုက်တာ၊ ငရဲမီးနဲ့ထိမှ အသိတရားရပြီး နိုးမဲ့ရုပ်”၊ အဲ.. မအိပ်ဘဲ တောက်လျှောက်ထိုင် မနက်ကျရင် ပြောလိမ့်မယ်.. တော်တယ် ဘုရားကို ပါးစပ်နဲ့မချစ်ဘူး၊ လက်တွေ့ချစ်တယ်.. သာဓုခေါ်တယ်ဆိုပဲ။

ကျနော် အိပ်မအိပ် ဘယ်နည်းနဲ့သိလဲလို့ မေးတော့၊ နင့်အရလားဆိုပြီးတော့.. ငေါက်တာခံရဘူးသဗျ၊ ငေါက်တော့လည်း ခံရတာပေါ့၊ နင်သိချင် နင်လုပ်မှ ရတဲ့တရား၊ ငါငှါးလို့မရဘူးဆိုပဲ။ ပြီတော့ ဘာပြောလဲမှတ်.. တခါတည်းမှတ်အောင် ဆုံးမတတ်တယ်၊ ပြောပြရဦးမယ်… တစ်ခါတော့ စာရေးဆရာဆိုတဲ့၊ သူတစ်ယောက် ကျောင်းထဲလာပြီး ဆရာတော် ကြီးကိုလာ ဖူးတယ်၊။ ဘာတွေရေးလဲဒကာ လို့မေးတော့၊ ဘာသာရေးပါ ဘုရားတဲ့… ဆရာတော်က ဘာပြောလဲ သိလား၊ “သူများရေး ပြီးသာဟာသာ မကူးချနဲ့ တရားတော်ကို ကိုယ်သိတဲ့ အတိုင်းရေး၊ ငါသာဓုခေါ်တယ်၊ အခုခေတ်က ရှေးဆရာတော်ကြီးတွေ ရေးတာကူးချ၊ ပြီးတော့ ဆရာလုပ်တာ များတော့ ခက်တယ်ကွယ်” ဆိုပြီး ငြီးတော်မူတယ်၊ ကျနော် ဘလော့ရေးတယ်ဆိုတာ ဆရာတော်သိတော့၊ “ဟေ့.. သားအငယ်ရေ နင်ကူးချမယ်ဆို ငါ့ဆီ စာအုပ်တွေ လာယူ” တဲ့လေ။ ပြုံးပြုံးကြီးနဲ့ မိန့်တယ်.. နောက်ထပ် ဆက်ပြီး မှတ်စရာ ကောင်းလွန်းလို့ ဆက်ပြီးပြောရမယ် ဆိုရင်တော့ “ကျမ်းဆိုတာ၊ ကိုးကားခွင့်၊ မှီငြမ်းခွင့်ပဲ ရှိတာပါ၊ တခါတည်း အပြီးသတ် ခိုးချပြီး လူတွေကို ပြန်ပြောရင်၊ နာဖူးထပ်မံဆိုပေမဲ့လည်း ခဏ ခဏဆို လူတွေက ထပ်မမံချင်တော့ဘူး” တဲ့လေ။

စကားတွေက တောင်ရောက် မြောက်ရောက် ဖြစ်ကုန်ပါပြီလေ၊ တကယ်ပြောချင်တာက၊ တစ်နေ့တည်း၊ တစ်ပြိုင်တည်းမှာ၊ နေလနှစ်ပါးကို တစ်ပြိုင်တည်း တွေ့လိုက်ရတဲ့၊ ကျနော့် အကြောင်း ပြန်ပြောချင်လို့၊ ရေးမိတာက တစ်ခြား ဥပါသကာတို့ တော်လိုက်ပုံများ လက်ဖျားခါလောက် ပါရဲ့နော်။ ထားလိုက်ပါတော့လေ.. အဲကျနော် ကျောင်းထဲရောက်တော့.. ယဉ်ငေး ဆရာတော်ကြီးပါ ရောက်နေတာကို ဖူးတွေ့လိုက်ရတာ.. စိတ်ထဲ ၀မ်းသာလိုက်တာ မပြောနဲ့တော့.. သူတော်ကောင်း အရိပ်လေ၊ ဒီဆရာတော်ကြီး နှစ်ပါးလုံးကတော့ ကျနော်တို့ ဆီမှာတော့ ပဋိပတ်ထိပ်ခေါင်ပါ၊ ကျနော်တို့ ဒေသမှာပေါ့လေ၊ ရောက်တာနဲ့ ဘုရားကိုဦးချပြီး ဆရာတော် နှစ်ပါးလုံးကို ဦးချပြီးသင့်တယ်။ နေရာမှာပဲ တရားနာလိုက်မိတယ်၊ ဆရာတော်ကြီးက အနားလာဖို့ မိန့်တဲ့အခါတော့ အနားသွားပြီး ၀တ်ဖြည့်နေမိတယ်လေ၊ ၀တ်သာ ဖြည့်နေရပေမဲ့ စိတ်ထဲမကောင်းဘူး၊ ကျနော် အသံဖမ်းချင်နေတာ ဆရာတော်ကြီးတွေ အလုပ်အကြောင်း ပြောနေကြတာကို၊ ပြီးတော့ ဓာတ်ပုံလည်း ရိုက်ချင်တယ်၊ မှတ်တမ်းပေါ့လေ၊ ဒါပေမယ့် ကျနော် ဥပါသကာသည် ဥပါသကာသာမို့၊ ၀မ်းနည်းမိ နေတယ်လေ၊ ကျနော် မ၀ယ်နိုင်တဲ့ဟာအတွက် စိတ်မကောင်း ဖြစ်ယုံပဲလေ။

တရားဟောခဲ့သော ဆရာတော်များမို့ အလုပ်အကြောင်း ကို မှတ်တမ်းတင် နာယူချင်တာတော့ အမှန်၊ အဲလိုပြောရက်ကနေ.. ဒီည ကျောင်းမှာအိပ်နော်၊ တောင်တွေး မြောက်တွေးနဲ့ အကုသိုလ် များမနေနဲ့” လို့ တောရ ဆရာတော်ကြီးက မိန့်တော့ ကျနော့်အဖို့တော မဆန်းတော့၊ ဆရာတော် သိချင်ရင် သိနိုင်တဲ့ သူမှန်း ကျနော် သိနေတာ ကြာပါပြီလေ။ အင်း ညကျရင်တော့ ကျနော် တရားတွေ အများကြီး နာရဦးမှာကိုတော့ ၀မ်းသာမိတယ်ဗျာ.. ညကနာတဲ့ တရားကိုတော့ လာမဲ့ပို့စ်မှာ ပြောပါ့မယ်နော်။


လေးစားစွာဖြင့် ဥပသကာ

Friday, June 12, 2009

သာသနာတော်အရေးတွေးပေး ပါ

ပထမတော့စာရေးချင်တဲ့စိတ်ပျောက်သွားသလိုခံစားလိုက်ရတယ်ပြီးတော့ဘလော့ကိုဖျက်ပစ်မယ်လို့စဉ်းစားမိ တိုင်း၊နှမျှောမိနေတယ်၊ဘာရုပ်မှပေါက်တဲ့ဘလော့ဆိုပေမဲ့သုံးနှစ်နီးပါးတွယ်ဖက်မိခဲ့သောစာမျက်နာလေးကိုတော့၊ ဖက်တွယ်နေမိတယ်လေ၊ညကစဉ်းစားရင်းစာပြန်ရေးမယ်လို့၊ဆုံးဖြတ်မိပြန်တယ်ကျနော်ရေးနေကြအတိုင်းပေါ့ လေ ဘာသာရေးကိုဇောင်းပေးပြီးတော့ပဲဘလော့အသစ်ပြန်လုပ်မယ်ပေါ့၊ကျနော်ဘာသာရေးကိုဇောင်းပေးရတဲ့ အကြောင်းကတော့၊တရားတော်ရဲ့သိမ်မွေ့နက်နဲမှုကို၊၀ိုင်းပြီးမျှဝေခံစားဖို့၊နောက်ပြီးတော့သာသနာတော်ဟာ ကျ နော်တို့တိုင်းပြည်ရဲ့အသက်၊ကျနော်တို့လူမျိုးတွေရဲ့ဂုဏ်သိက္ခာ၊ပြီးတော့ကမ္ဘာ့ငြမ်းချမ်းရေးကိုတည်းဆောက်နိုင် စွမ်းရှိတဲ့တစ်ခုတည်းသောဘာသာတရားလေ၊သာသနာတော်လို့ဆို လိုက်တာနဲ့၊သာသနာတော်နဲ့ဆက်စပ် နေတဲ့၊သာသနာတော်ကိုစတင်တည်ထောင်သူ၊မြတ်စွာဘုရား။ပြီးတော့မြတ်စွာဘုရားရဲ့သင်ကြားချက်တွေဖြစ်တဲ့ဓမ္မ၊နောက်တော့သံဃာတော်တွေ၊ကနေ့ထိသာသနာတော်အတွက်အသက်ပေးခဲ့ကြကုန်သော၊အသက်ပေးနေကကုန်သော၊ဘ၀တစ်ခုလုံးပုံပြီးသာသနာ့တော် အတွက်တာဝန်ထမ်းရွက်နေကြကုန်သော..သံဃာတော်တွေပါတယ် ပြီးတော့ဥပသကာတွေ၊ဥပသကီတွေရှိနေတယ်၊နောင်လာမဲ့မျိုးဆက်တွေလက်ထဲကို၊ဘုရားအလိုတော်ကြဘုရားဝါဒကို ၊ကျနော်တို့ချပေးနိုင်အောင်ဝိုင်းပြီးလုပ်ရပါ့မယ်၊ရင်ထဲကိန်းအောင်ပျိုးထောင်ပေး၇ပါလိမ့်မယ်၊ဗုဒ္ဓဘာသာ လို့အမည်ခံထားသူတိုင်းမှာ၊ဒီတာဝန်ဟာသမိုင်းပေးတာဝန်ပါ၊မသိသလိုနေကြရင်..မသိသလိုပြဲဖစ်သွားလိမ့်မယ်

သာသနာတော်ကို၊ဘုရားကို၊တရားတော်ကို၊သံဃာတော်ကိရင်မှာမရှိပဲ၊နုတ်ဖျားလုပ်ယုံလေးနဲ့တော့လူကြား ကောင်းယုံလေးမချစ်ကြပါနဲ့လို့တောင်းပန်လိုပါတယ်၊တစ်ခြားဘယ်သူ့ကိုမှ လည်းအဲ လိုရင်ထဲမရှိပဲနဲ့ ချစ်ကြရင် ဒုက္ခပေးသလိုဖြစ် တတ်တယ် လေ၊။

ချစ်ခြင်းရဲ့တခြားသောမျက်နာစာမှာ၊ကိုယ်ချစ်တဲ့သက်ရှိ၊သက်မဲ့အရာအားလုံးအတွက်အနစ်နာခံစွန့်လွတ်မှု၊၀မ်း မြောက်ဝမ်းသာပေးဆပ်လိုမှုနဲ့ပေးဆပ်မှုဟာ၊မိုးကောင်းကင်နဲ့တိမ်တိုက်တွေ လို၊မီးနဲ့ မီးရောင်လို၊ခွဲခြားလို့ မရ ဘူး၊ဒီတော့ ချစ်ရင်အနစ်နာခံပါ၊အနစ်နာခံမှုမရှိတဲ့ချစ်ခြင်းဟာ၊ရနံ့ကင်းတဲ့ပန်း၊ဆားမပါတဲ့ဟင်းလိုပဲ..ဘာမှလုပ် လို့မရ ဘူးလေ။

ကျနော်ကတော့အဲလိုပဲမြင်တယ်၊နားလည်တယ်၊ကျင့်တယ်၊သာသနာတော်ဟာကျနော်တို့အတွက်အဖိုးမဖြတ်နိုင်မှန်း၊သိနေရက်နဲ့၊ဘရမ်းဗတာဖြစ်ခွင့်ပေးထားရင်၊သာသနာတော်ကိုလုပ်ချင်သလိုလုပ်၊ငါမလုပ်ရင်ရပြီလို့သဘောပိုက်ပြီးနေကြရင်နောင်အနှစ်တရာ၊ဗမာပြည်မှာစစ်မှန်တဲ့သာသနာတော်ရှိနေပါဦးမလား?

ဘူတန်လို၊အန္ဒိယလို၊တိဗက်လို၊တခြားဗုဒ္ဓဘာသာရောက်ခဲ့ဖူးတဲ့နိုင်ငံတွေလိုဖြစ်မသွားနိုင်ဘူးလား?ဘုရားရှင်သက်တော်ထင်ရှားရှိနေစဉ်က၊မဟာသတိပဋ္ဌာနသုတ်ကိုဟောတော်မူခဲ့တဲ့ကုရုတိုင်းဟာ၊ယခုတိဘက်ပြည်နေရာပါလို့ကန္နီဆရာတော်ကြီးပြုစုတော်မူတဲ့သစ္စာပါရဂူ၊ယောဂီပါရဂူကျမ်းတွေမှာအတိအလင်းတွေ့ရတယ်၊ဒီလောက်သာ သနာတော်အတွက်အရေးကြီးတဲ့ မဟာသတိပဋ္ဌာနသုတ်ကိုဟောခဲ့တဲ့ တိဗက်မှာ သာသနာတော်ရဲ့အနစ်အသား

ဖြစ်တဲ့ဝိပဿနာတရားတော်မကျန်ခဲ့ဘူးလို့ ထင်ရပါတယ်၊ဘာကြောင့်လည်းဆိုတာကိုတော့ သမိုင်းပညာရှင်နဲ့ သုတေသီတွေ ပိုပြီးသိမှာပါ၊။

အခုအွန်လိုင်းပေါ်မှာ..တချိန်တုံးက၀ိနိစ္ဆယချထားပြီးဖြစ်တဲ့ဗာလဓမ္မတွေပြန်ပြီးအသက်ဝင်လာနေသလို၊ဘုရားတောင်မှမှားနေတယ်လို့ပြောတဲ့အသံတချို့လည်းကြားနေရပါတယ်၊ဒါသာသနာတော်အတွက်မကောင်းတဲ့ဟာတွေပါ၊ ပြီးတော့ရါပ်သာတောင် ခြေတစ် လှမ်း မထိုး ဘူးတဲ့သူများက သောတပန်ဖြစ် နေကြတာကို ကျနော့်မိတ်ဆွေဆရာဝန်ကြီးပြောတာ သိရတယ်၊ရင်မောပါတယ်၊ ။

တကယ်တမ်းတရားတော်ကို သိချင်တတ်ချင်နားလည်ချင်ရင်ဆရာရှာပါ၊ သေသေချာ ချာ သင်ပါ၊ အာဒထုတ်ပါ လို့မေတ္တာရပ်ခံခြင်ပါတယ်၊ လက်ထပ်သင်မှရတာပါ၊ဥပသကာတို့ညံ့တယ်ပြော လည်းရပါတယ်၊စာဖတ်တာ နဲ့ လက်တွေ့ လုပ်တာဟာတစ်ခြားစီပါ၊ ရိပ်သာတစ်ခု တည်းမှာတင် အချိန်ယူပြီး (၁) လ (၂) လလောက် လုပ်ကြည့်စေချင်ပါတယ်၊ ဘယ်နည်း ကောင်းတယ်ဆိုတာကိုတော့ ကိုယ့် တိုင်ရွေးချယ်ရမှာပါ။ ရမ်းလုပ်ရမ်းပြောတာနဲ့လုပ်ကြည့်ပြီးပြောတာကွာပါတယ်စာဖတ်ရုံသက်သက်၊တွေးတောကြံစည်နေရုံသက်သက်နဲ့ ဘုရားဆို လိုတဲ့သစ္စာတရားကို ဘယ် တော့မှ မသိပါ ဘူး၊ ဆရာဆိုတဲ့နေရာမှာလည်း လူဆရာ၊ရဟန်းဆရာ၊စာဆရာ အား လုံး လို ပါတယ်၊

ကျနော်ကိုတိုင်လည်းအမှားမကင်းခဲ့ပါ၊ရိပ်သာကထွက်ပြေးဖူးသလို၊စိတ်ကြီးဝင်ပြီးဓုတင်ဆောင်တာသေးမှတ်တတ်လူးအောင် ကြောက်လှန့်ထွက်ပြေးခဲ့ဘူး ပါတယ်၊ ထိုင်ရက်အိပ်ပျော်နေတာကို ဈန်ဝင်စားတေယ်လို့ ထင်ဘူး သလို၊ဟို ပဲရောက်နေသလို ထင်ခဲ့ ဖူးပါတယ်၊ နောက်ဆုံးတော့ ဘာမှ မဟုတ်သေးမှန်သိလာ တယ်၊ အခု လည်း ဘာမှ မဟုတ်သေးပါလိုပြော လိုပါတယ်၊။ သာသနာတော်ရဲ့တကယ့် အနစှစ်ကို တွေ့ ချင်ရင်ဆရာကောင်းကိုရှာကြပါ လိုံ မေတ္တာရပ်ခံလိုက်ပါတယ်။

လိပ်စာလည်းပြောင်းပါတယ်ခင် ဗျ

http://upasaka969.wordpress.com ပါ

Thursday, February 26, 2009

ထေရ၀ါဒသို့ ဦးခိုက်ခြင်း အပိုင်း(၂)

ကျနော်အနေနဲ့ ဘာသာရေးစာပေအတော်များများကို ဘာကြောင့်ရေးဖြစ် လည်းဆိုရင် ကြီကျယ်တယ် လို့ပဲပြော ကြပါစေ
ဗုဒ္ဓရဲ့ အဆုံးအမကို ဗုဒ္ဓအလိုတော်ကျသိစေချင်တယ်..မြတ်စွာ ဘုရားရဲ့တကယ့်ဆို လိုရင်းကဘာ လဲဆိုတာကို ကျနော်တို့ မသိသိအောင်ကြိုးစား အား ထုပ်သင့်တယ်လို့ ကျနော်ယုံကြည်တယ် ကျနော်ယုံတဲ့ အတိုင်း ဘုရားစကားတော်မှန်သမျှကို ပေါ်ယံအသိလေးနဲ့ တင် သိပြီးမနေမိအောင်ပေါ့လေ ကြိုးစားနေမိတယ် ဆရာရှာတယ် ကိုယ့်ရင်ထဲမှာရှိတဲ့ သံသယဆူးကို ချိုးဖို့ ပြီးတော့ မှားနေတဲ့အယူကို အမှန်ရောက် အောင်ပြပေးဖို့ ဆရာ ရှာတယ် ။ချည်းကပ်တယ် မေးမြန်းတယ် ပြောတဲ့အတိုင်း လိုက်နာတယ် ကျင့်တယ် ဒီလုပ်နေရင်းနဲ့မှသံသယရှိလာရင် ရင်ထဲမရှင်းလာရင် မေးတယ် မရှင်းရင် ရှင်းအောင် လုပ်နိုင်တဲ့သူကိုညွန်ပြစေတယ် ညွန်တဲ့ဆီသွားတယ်။

ကျနော်ဆိုတဲ့ အကောင်ကလည်း ရှင်းလေထုံလေမေးခွန်းတွေများလာလေပါပဲမရှင်းလို့ရှင်းပါတယ်ဆိုနေမှအဲဒီလို ရှင်းတဲ့နေရာက မေး ခွန်းတွေကပြန်ထွက်လာတယ်အဲဒီလိုနဲ့ကျနော့်မှာဆရာတွေများလာတယ်အသားလည်းနဲနဲကျလာတယ် ဆိုပါတော့..ရင်ထဲလည်းရှင်းတန်သမျှရှင်းလာနေပြီလေ၊ အကုန်လုံးတော့မရှင်းသေးဘူးဗျ။

ရှင်းတယ်ဆိုတဲ့နေရာမှာ လည်း ၊သုတမယညဏ်၊စိန္တမယညဏ်၊ ဘာဝနာမယညဏ်ဆိုပြီး တဆင့်ထက်တဆင့်မြင့်တဲ့ညဏ် တွေထဲမှာတောင်မှ ကျနော်ရှင်းတာသုတမယညဏ်လေးပါဗျာ အဲဒီသုတမယညဏ်နဲ့တင်ရှင်းသင့်သလောက်ရှင်းဖို့ ကျနော်မ နည်းကြိုးစားခဲ့ရတာပါ။
နော်ထပ် စိန္တာမယညဏ် နဲ့ ဘာဝနာမယ ညဏ်တွေအတွက် လက်ကျန်ဖြတ်သန်းရမဲ့ အချိန်တွေမှာ ကျနော် ကြိုးစားရဦးမှာ လေ..။ တကယ်စစ်မှန်တဲ့ထေရ၀ါဒ ဆိုတာတခြားဘယ်ဘာသာကိုမဆို စော်ကား၊ပုတ်ခတ်၊ အတင်းပြောချင်း အလျှင်းမရှိဘူး လို့ကျနော် သင်ခဲ့ရပါတယ်၊မြတ်စွာဘုရာပွင့်တော်မူလာခြင်းဟာ လောကသားအားလုံးအတွက် ကောင်းကျိုးကိုဆောင်ရွက်ဖို့ ပဲဖြစ်ပါတယ်။ဒီအတိုင်းလည်း မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ၊နောက်ဆုံးအချိန်ရောဂါတန်း လမ်းနဲ့တောင်မှ လောက အတွက် လုပ်ဆောင် တော်မူသွားတာကို အားလုံးသိပြီးသာပါ။

အရပ်စကားနဲ့ပြောရရင်အိပ်စက်ချိန်အလွန်နည်းနေတဲ့ကြားကအလုပ်တွေလုပ်ခဲ့တာကိုတွေးမိတိုင်းရှိခိုးမဆုံးဖြစ်ရပါတယ်
မနက်မိုးသောက်အာရုံတက်တာနဲ့ဘယ်သူ့ကိုကူညီရမလဲဆိုတဲ့စိတ်နဲ့နိုးတော်မူနေပါပြီတွေ့ပြီဆိုတာနဲ့အတန်စားမခွဲရောက်အောင်သွားပြီး ချွှတ်တော်မူတယ်၊

သစ္စာညဏ်ရောင်အတွက်ဘ၀ပေါင်းများစွာပါရမီဖြည့်တော်မူခဲ့တဲ့မြတ်စွာဘုရားကိုတွေးမိတိုင်းလည်း
သာသနာတော်ရဲ့တန်ဖိုးကိုပိုပြီးသိလာသလိုခံစားရတယ်၊ကျနော်တို့အခုရှိနေတဲ့အဆုံးအမတွေကိုတကယ်တန်ဖိုးထားတတ်နေရဲ့
လားဆိုတာမေးစရာတွေပေါ့၊ ကျနော်တို့ရဲ့နိုးထခြင်းဟာမြတ်စွာဘုရားလို အကောင်ဆုံးနိုးထခြင်းမဟုတ်တောင်မှ ခြေဖ၀ါးတော်အောက်က ခြေမုန့်လေးလောက်တော့မြတ်စွာဘုရားကိုအတုခိုးကျင့်ကြံသင့်ပါတယ်လို့ကျနော်ယုံတယ်လေ၊မြတ်စွာဘုရားရဲ့
အဆုံးအမ တွေဟာ လက်တွေ့ကျင့်နိုင်ဖို့အထိသိထားတတ်ထားရမဲ့တာဝန်ဟာကျနော်တို့အားလုံးမှာရှိပါတယ်၊။

မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းဟာ၊သစ္စာကိုဦးတည်နေတယ်၊ပရမတ္ထသစ္စာနဲ့သမုတိသစ္စာကိုဦးတည်နေတယ်၊ဒီတော့မြတ်စွာဘုရားရဲ့
အဆုံအမတိုင်းကိုသစ္စာမြင်အောင်ကြည့်ပါမှဘုရားအလိုတော်ကျဖြစ်ရမှာပါနောက်တဆင့်ထပ်ပြီတွေးကြည့်ရအောင် ကျနော်တို့ညဏ်စွမ်းရှိသလောက် လေးပေါ့။

မြတ်စွာဘုရားပွင့်တော်မူလာခြင်းအကြောင်းအရင်းက လောကကို ဘာဝနာမယညဏ်ဖြင့် သုညတ မြင်အောင်ကြည့်ဖို့ ဒီအဆင့်ထိ ကျနော်တို့သွားရမှာ အဲဒီမတိုင်ခင်ပြုကျင့်ရမဲ့ အကျင့်တွေထဲမှာ အစဦးက သီလ(ကိုယ်ကျင့်သိက္ခာ)ဆိုတာ အားလုံးလက်ခံတယ်၊ဒါပေမဲ့ကျနော်တို့ဆီမှာ။ ကိုယ်ကျင့်သိက္ခာပိုင်း အရမ်းအားနည်း နေပြီ၊နိုင်ရင်ပြီး ရတာအကုန်ယူဆိုတဲ့
အဟေတုက၀ါဒတွေကို ရင်ထဲမှာထာနေကြပြီး ထေရ၀ါဒဆိုတာပါးစပ်လောက်ပဲကျန်နေတဲ့အနေထားပါ၊

ထေရ၀ါဒကိုလက်တွေ့ကျင့်သုံးမယ်ဆိုရင်တော့ မိမိအတ္တကိုတတ်နိုင်သလောက်ခ၀ါချဆေးကြောရမယ်လေ၊ပထမအဆင့်က လူကိုလူလို့မြင်တဲ့အမြင်ရှိဖို့လိုပါတယ်၊ဒုတိယအဆင့်ကလူကိုရုပ်နာမ်အဖြင့်မြင်ရပါ့မယ်နောက်ဆုံးတတိယအဆင့်ရောက်တော့မှ လူကိုသုညတအဆင့်မြင်ပါလိမ့်မယ်၊မလွယ်တော့မလွယ်မှန်းသိပါတယ်၊လုပ်ရမှာပါလေ၊ထေရ၀ါဒရှုထောင့်ကလောက
ကိုကြည့်မယ်ဆိုရင်တော့.....

မေတ္တာနဲ့ သုညတ ဒီနှစ်ခုကိုတိတိကျကျကိုင်စွဲအသုံးချရပါလိမ့်မယ်

မဟုတ်ဘူးဆိုရင်တော့ ကျနော်တို့လွဲနေပါတယ်၊ နဲနဲလေးမဟုတ်ဘူးခင်ဗျ ၊အများကြီးကိုလွဲနေပါတယ်၊ အခုဆိုရင်သာသနာတော်နှစ်ပေါင်း၂၅၅၂နှစ်ရှိပါပြီ၊ကျနော်တို့ဆက်ပြီးလုပ်ရပါ့မယ်၊မေတ္တာဆိုတော့တခြားဘာသာတွေမှာလည်း မေတ္တာရှိနေတာပဲ ဘာကွာလဲ၊ဒါသိကိုသိရမယ့်ဟာလေနော်၊

ဒီတော့စဉ်းစားပါ ဘယ်လိုကွာလဲ၊ ထေရ၀ါဒကိုအမှန်တကယ်ချည်းကပ်မယ်ဆိုရင် အရေးပါတဲ့အချက်ထဲမှာ ကိုယ်ပိုင်ညဏ်ပါတယ်၊ ဆရာ့ညဏ်၊စာအုပ်ညဏ်၊အငှါးညဏ်မဟုတ်ဘူး၊ ကိုယ်ပိုင်ညဏ်ပါ၊

ကျနော်လည်း သိသလောက်လေးပြန်ပြောနေတာပါ၊ဒီသသနာတော်ကြီးကိုအခြေခံပြီးတည်ဆောက်ထားတဲ့ ကျနော်တို့ယဉ်ကျေးမှု၊ဥပဒေ၊တွေကို ပြန်ကြည့်ပေးကြပါ၊

ဒီတော့ဒီသာသနာတော်ကြီး ပျက်စီးခြင်း၊ကွယ်ပျောက်ခြင်းဆိုတာ၊ ကျနော်တို့ကွယ်ပျောက်တာပါပဲ၊ဒီတော့ဒီတာဝန်ဟာ
အာလုံးမှာရှိနေပါတယ်ဆိုတာကိုတော့ ပြန်ပြောချင်တယ်လေ မေ့နေမှာစိုးလို့ပါဗျာ။

ကျနော်ဘာမှမဟုတ်ဘူး သာသနာတော်ကိုချစ်တဲ့သာမန်လူတစ်ယောက်ပါ၊အဲ သာသနာတော်ကို ချစ်တဲ့သာမန်လူတစ်ယောက်ပါ၊ သာသနာတော်ရဲ့တန်ဖိုး ကို နား လည် အောင် ကျိုးစာနေသူတစ်ယောက်ပါ ထိုက်သင့်သလောက် လည်း နား လည် ပါတယ်။

အခြေခံအကျဆုံး ကျမ်းစာ လို့ကျနော်တို့နား လည်နေတဲ့ပရိတ်တော်ကြီးတွေ ထဲမှာတောင် ကျနော်တို့ မသိနိုင်သေးတဲ့ လမ်းညွန်ချက်တွေပါနေပါတယ်(မှတ်ချက်- ပညာရျင်များတတ်သိနားလည်ပြီးသူများ ကို မဆို လိုပါ ၊ကျနော်ကန်တော့ ပါတယ်)
ထေရ၀ါဒပိဋကတ်တော်ကို အခြေခံပြီးရေးတဲ့ စာမှန်သမျှဟာ သစ္စာနဲ့ မလွတ်ပါဘူး၊ ဒီတော့ စာဖတ်တိုင်း သစ္စာ ဆိုက်အောင် ဖတ်ဖို့က ကျနော်တို့တာ ၀န်လေ၊
မြင်တဲ့ အမြင်တိုင်း ကလည်း သစ္စာ ဆိုက် အောင် မြင်တဲ့ အမြင် ဖြစ်ဖို့ လို ပါတယ်၊ အငှားသိ ကို ဦးစားမပေး ဦးခေါင်းမချတဲ့မြတ်စွာဘုရားရဲ့တရားတော်ကိုအငှားသိနဲ့လမ်းဆုံးနေတာဟာမြတ်စွာဘုရားကိုစော်ကားနေသလိုပါပဲ လို့ ကျနော် ထင်တယ်။
ဒီတော့ အင်မတန်လေးနက်သိမ်မွေ့တဲ့ ထေရ၀ါဒ ဆိုတာ သမုတိသစ္စာရော ဓ ပရမတ္ထသစ္စာကိုပါ ပိုင်နိုင်သိမြင်စေတဲ့ အနိင်းမဲ့သင်ကြား ချက် ပါလို့ မှတ် ယူနား လည် နေမိပါတယ်။

Tuesday, January 6, 2009

စလေဦးပုံည၏ သင်္ဂါယနာမှတ်တမ်း

ကျနော်စာအုပ်တစ်အုပ် ဖတ်ဖြစ်တယ်ဗျ အဲဒီစာအုပ်ကတော့ အခုဆိုရင် ရှားပါးစာရင်းဝင်နေပါပြီ ဒီအထဲက ဗဟုသုတအချို့ကို မျှဝေချင်တဲ့စိတ်က တားမနိုင်ဆီးမရဖြစ်လာလို့ လောလောဆယ်ရေးနေတဲ့ ထေရ၀ါဒကို ဦးခိုက်ခြင်း အပိုင်း (၂)ကို ရပ်ပြီး ကြား ဖြတ် တင်လိုက်တာပါ အဲ မှားတာမှန်တာကတော့ပညာရှင်တွေပြောကြပါလိမ့်မယ်ကျနော်အနေနဲ့ကကတော့ဒီစာကို ဖတ် ပြီးတဲ့အချိန်မှာ ကျနော်တို့ရှေးကလူကြီးတွေ သာသနာတော်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမထွန်းကားပြန့် ပွါးရေး သန့်ရှင်းတည်တန့်ရေးအတွက် အလုပ်တွေအများကြီး လုပ်ခဲ့ကြတယ် အခု ကျနော်တို့အလှည့် လို့တွေးမိတယ်…“လာ ကြကျနော်တို့အတူတူ လုပ်ကြမယ်” ။

စာအုပ်နာမယ်က သာသနမုခကျမ်း

ရေးတဲ့သူက ဆရာကြီးဦမြသိန်းထွန်း

(ပိဋကတ်တ္တရပါရဂူ-၀ိပဿနာဓမ္မပါမောက္ခ)

( ထွဋ်ခေါင်ဆရာတော်ကြီး၏မြေး)

အကြိမ်က (တတိယအကြိမ်)

ခုနှစ်က (မြန်မာ ၁၃၁၄ ခု)

ပုံနိပ်တိုက်က ယောဂီပုံနိပ်တိုက် ၂၄၅-လွီစ္စလမ်း ၊ရန်ကုန်

ထုတ်ဝေသူက ဦးမောင်ကြီး (ဆန်းလိုက်)

၂၈၃- ကရစ်လမ်း၊ရန်ကုန်အရှေ့ပိုင်း။

တန်ဖိုး ၂- ကျပ်တဲ့

အဲဒီအထဲက ဖတ်ရတာကို ပြန်ပြောပြကြောင်းပါခင် ဗျ ဒီအထဲမှာသင်္ဂါယနာ ဆိုတဲ့အခန်းပါပါတယ်

တစ်ခြား တော် တော်နက်တဲ့ဝိပဿနာ ပွားနည်းတွေလည်းရှိပါတယ် ကျနော်မကြားတောင် မကြားဘူးပါဘူးခင်ဗျ တချို့ဆရာတော် တွေ ၊လူပုဂ္ဂိုလ်တွေရဲ့နည်းတွေပါတယ်ဝိပဿနာအကြောင်းကို ရှင်ပြထားတာပါ။ အခုကျနော်ပြန်ပြောတာက သင်္ဂါယနာဆိုတဲ့ အခန်းပါ။

ရွာစဉ်ရွာစားမင်းလှ သင်္ခယာဘွဲ့ခံ စလေဦပုံညစီရင်အပ်သော သာသနပဝေဏိယအလကာင်္၌ မင်းတုံးမင်းအထိ (၁၁)ကြိမ်မြောက်သင်္ဂါယနာတင်ပြီးကြောင်းကိုတွေ့ရသည်။

ပဋ္ဌမသင်္ဂါယနာ။ ။ ရာဇဂြိုလ်ပြည်၊အဇာတသတ်မင်းသည်၊မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် လေးလမြောက်တွင် အရှင်မဟာကဿပ ရဟန္တာကြီးကိုအမှုးပြု၍ ရဟန္တာမြတ် ၅၀၀ တို့နဲ့(ရ) လ တိုင်တိုင် သင်္ဂါယနာတင်သည်။

ဒုတိယသင်္ဂါယနာ။ ။ဝေသာလီပြည် ကာလာသောက မင်းသည်၊သာသနာနှစ် ၁၀၀ ၌ အရှင်မဟာယသ ရဟန္တာကြီးကိုအမှူးထား၍ရဟန္တာ(၇၀၀) တို့နဲ့အတူ(၈) လတိုင်သင်္ဂါ ယနာတင်သည်။

တတိယသင်္ဂါယနာ။ ။ပါဋလိပုဋ် သီရီဓမ္မာသောက မင်ကြီး သာသနာနှစ် ၂၃၅ နှစ်၌အရှင်မဟာမောဂ္ဂလိတိဿပုတ္တမထေရ် ကြီးအမှူးပြု၍ ရဟန္တာ(၁၀၀၀)နဲ့ (၉)လ လုံး သင်္ဂါယနာ တင်ပါသည်။

စတ္တုထသင်္ဂါယနာ။ ။လကာင်္ဒီပကျွန်း ၀ဋ်ဋ၈ါမဏိမင်းသည် သာသနာနှစ် (၄၅၀)၌ ရှင်မဟာဓမ္မရက္ခိတမထေရ်ကိုအမှူးထားလျှက် ရဟန္ဘာကြီး (၅၀၀)တို့နဲ့ပေထက်အက္ခရာတင်သည်။

ပဉ္စမသင်္ဂါယနာ ။ ။ သာဂလပြည့်ရှင်မိလိန္ဒမင်ကြီးသည် သာသနာနှစ်(၅၀၀)၌ ရှင်နာဂသိန်ကိုအမှူးထား၍ သင်္ဂါယနာတင်သည်။

ဆဋ္ဌမသင်္ဂါယနာ။ ။ သုဝဏ္ဏဘုမ္မိသထုံပြည်ဓမ္မပါလမင်းသည် သာသနာနှစ်(၉၅၆)၌ ရှင်မဟာ ဗုဒ္ဓ ဃောသနဲ့တိုင်ပင်၍ ပိဋကတ်သုံးပုံ၏အကျဉ်းဂါထာပေါင်းတသိန်းလေးသောင်း ရှိသော ၀ိသုဒ္ဓိမဂ်အပါဝင် သင်္ဂါယနာတင်သည.်။

သတ္တမသင်္ဂါယနာ။ ။ ပုဂံပြည်အနော်ရထာမင်းသည် သာသနာနှစ်(၁၆၀၁)နှစ်၌၊အတိုရသနှစ် ၄၉၁ နှစ်တွင်၊ ရဟန္တာရှင်အရဟံကို အမှူးပြုလျှက်၊ရဟန္တာ(၁၀၀၀) တို့နဲ့အတူသင်္ဂါယနာတင်သည်။

အဋ္ဌမသင်္ဂါယနာ ။ ။ ရတနာပူရအင်းဝမြို့တော်၌ သာသနာနှစ်(၂၀၇၀)ပြည့်၊သက္ကရာဇ်(၈၈၈) ခုနှစ် ရှမ်းသိုဟန်ဘွားသည်၊ပိဋကတ်တော်များကိုဖျက်ဆီးပစ်ရာတပြက်မြို့သားရှင်တိဿဇနနဲ့ဒုတိယဇေတ၀န်ဆရာတော်တို့၊ညှိနိုင်းတိုင်ပင်ကြကာသင်္ဂါယနာတင်ကြသည်။

န၀မသင်္ဂါယနာ ။ ။ ရတနာသိင်္ခ ကုန်းဘောင်ပြည်၊အလောင်းမင်းတရားကြီးသည်၊သာသနာနှစ် (၂၂၉၇)နှစ်၌သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင်၊ မဟာအတုလယသဓမ္မရာဇာဂုရု၊နာမံတော်ရှိသော မထေရ်ကြီး ကိုအမှူးပြု၍ သင်္ဂါယနာတင်သည်။

ဒသမသင်္ဂါယနာ။ ။ အင်းဝပြည်စဉ့်ကူမင်းသည်သသသနာနှစ်(၂၃၂၀)နှစ်၊သက္ကရာဇ်(၁၁၃၈) ခုနှစ်တွင်၊ ရှင်၇င်းမတိမာန်၊ရှင်နန္ဒမာလာတို့နဲ့သဂ်ွယနာတင်သည်။

ဧကဒသမသဂ်ါယနာ။ ။ရတနာပုံမန္တလေးနေပြည်တော်မင်းတုံးမင်းမြတ်သည်၊သာသနာနှစ်(၂၄၁၅)နှစ် သက္ကရာဇ်(၁၂၃၃)ခုနှစ်၌၊ပရိယတ္တိဝိသာရဒ သီလ၀ိသုဒ္ဓိဖြစ်တော်မူသောရာဇဂုရုတံဆိပ်တော်ရ၊ ဆရာတော်ကြီးများနှင့်ပိဋကတ်သုံးပုံ၌၊လိမ္မာတော်မူကြကုန်သော၊ ရဟန်း(၂၀၀၀)တို့အပြင်၊အတွင်း ၀န်ခန်းပတ်မြို့စားကြီးမင်းကြီးမဟာဥဇနာ၊ယောမြို့စားမင်းကြီးမင်းလှမဟာစည်သူ၊သံတော်ဆင့်မိုင်းခိုင်းမြို့စားသီရိဇေယျသူ၊သံတော်ဆင့်နေမျိုးရာဇစည်သူတို့ကိုကြပ်စေ၍(၅)နှစ်ကျော်မျှရေးသားထုလုပ်စေသော၊ ၀ိနည်း၅ ကျမ်းပါဠိတော်ကျောက်ချပ်ရေ(၁၀၀)အဘိဓမ္မာခုနှစ်ကျမ်းပါဠိတော်ကျောက်ချပ်ရေ (၂၀၈)ချပ်၊သုတ်သုံကျမ်းပါဠိတော်ကျောက်ချပ်ရေ(၄၁၀)တို့ကိုကုသိုလ်တော်၊လောကမာရဇိန်စေတီတော်ကြီးအတွင်း၊အုတ်ပြာဿတ်ဂူ၊(၇၂၈)လုံးတည်တော်မူ၍စုစုပေါင်းကျောက်ချပ်ရေ(၇၂၈)တွင်၊ ကျောက်စာပိဋကတ်တော်များကို၊သေလက္ခရသင်္ဂါယနာတင်သည်။

ဒါ စလေဦးပုံညရဲ့သင်္ဂါယနာတင်စာရင်းပါ၊ပဉ္စမအကြိမ်ကနေ၊ဒသမအကြိမ်ထိသင်္ဂါယနာတင်စာရင်းဟု ဆရာတော်ကြီပညာရှင်ကြီးများအမှတ်မယူသော်လည်း၊ရှေးမြန်မာတို့သည်မိမိတို့၏စွမ်းအေားရှိသ လောက် သာသနာတော်တည့်တန့်ရေး၊သန့်ရှင်းရေး၊ပြန့်ပွါးရေးကို၊ဦးလည်မသုံထမ်းရီကခဲ့ကြပါသည် ဆိုသောအထောက်ထား ကိုပြနိုင်ခဲ့ပါသည်ဟုဆိရပါမည်၊

အခုသော်ကား သာသနာတော်အရှည်တည်တံ့နေစေရန် အကျွန်တို့ဝန်သာဖြစ်တော့အံ့။

Friday, January 2, 2009

ထေရ၀ါဒသို့ ဦး ခိုက်ခြင်း(၁)

မြတ်စွာ ဘုရား၏အဆုံးမသာသနာတော်သည် အိန္ဒိယ၌ BC ၆ ရာစုမှစခဲ့၏ AD ၁၂ ရစု၌ကွယ်၏ ခန်ပမှန်ူတွက်ချက်ရမည်ဆိုလျှင် ပင်ရင်းဋ္ဌာန၌ သာသနာတော်ဟူသော မြတ်စွာဘုရား၏ အဆုံးအမ သည် နှစ်ပေါင်း(၁၈၀၀)မျှသာတည်ခဲ့ပြီးနောက်၊ ၀ါဒအန္တရယ်။ပြည်တွင်းပြည်ပအန္တရယ်တို့ကြောင့် မူလနေရာ၌ ကွယ်ပျောက်ခဲ့ရပါ၏

ဗြာသ္မဏ၀ါဒနဲ့တိုက်ခိုက်ရင်း မူလထေရ၀ါဒသည် မဟာယနသို့ ကူးခဲ့ရ၏ နော်ဆုံးမူလပင်မ နယ်မြေ ဖြစ်သောအိန္ဒယမှလွင့်ထွက် ခဲရသည်ကို ကျနော်တို့တွေ့ရ၏ ဖတ်ရ၏ ထို့အတူ ကြားနာခဲ့ရပါ၏ ကျနော်တိုကသည်လည်း စစ်မှန်သော မြတ်စွာ ဘုရား၏အဆုံးအမကိုရခဲ့ပါ၏ ရခဲ့သည်ဟုဆိုရာ၌

ဒဿနလည်းပါ၏ ကျင့်စဉ်လည်းပါ၏ ၀ိဇ္ဇာ(အသိ) စရဏ(အသိနဲ့ထပ်တူညီသောအကျင့်) ကို လည်းရခဲ့ပါ၏ သို့သော် ကံတရားကြောင့် ချဉ်းကျနော်တို့သည် မြတ်ဗုဒ္ဓ၏တရားတော်ကို ရခဲ့ပါသည်ဟုဆိုလျှင် သာသနာတော်အား ကျနော်တို့ဆီအရောက် သယ် ဆောင်လာ ခဲ့ကြကုန်သော မထေရ်မြတ် တို့နဲံသာသနာပြု ပုဂ္ဂုလ်အပေါင်းတို့၏ကျေးဇူးတရားကို မေ့နေခြင်သာဖြစ်ပါ၏ လောက၌ ကျေးဇူးကင်းသူဟူ၍ မရှိ သူ့ကျေးဇူးကိုသိပြီးဆပ်ရမည်သာ။

ထိုကျေးဇူးရှင်တို့၏စွမ်းဆောင်မှုတို့ကြောင့်ရ၇ှိလာသောကျနော်တို့၏ ရေမြေပေါ်၌ ထေရ၀ါဒ သည် အမှန်တကယ် ခိုင် ခန့်စွာရပ်တည်နိုင်ခဲ့ပြီးဟုဆိုလျှင် ကျနော်တို့သည်အမှန်တကယ်ငြိမ်းချမ်းသော တိုင်းပြည်ကို တည်ဆောက်နိုင်ပြီးဖြစ်ပါမည်

စင်စစ်မြန်မာပြည့်သို့ထေရ၀ါဒရောက်ရှိနေသည်မှာကြာခဲ့ပြီဖြစ်သည် သီရိဓမ္မာသောကမင်းကြီး ကိုးတိုင်းကိုဋ္ဌာနသာသနာပြုလွတ်စဉ်ကပင်ဖြစ်၏၊အထောက်အထာမခိုင်သောအဖြစ်များရှိနေစေ ကာမူ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကတည်းက မြန်မာပြည်သို့သာသနာရောက်ခဲ့ကြောင်း ဘုရားသမိုင်းမျာကဆို၏

ထိုမျှနှစ်ပေါင်းကြာခဲ့ပြီ်ဖြစ်သော ကျနော်တို့အမိမြေပေါ်ရှိထေရ၀ါဒသည် မပြိုနိုင်သောအင်းအားဖြင့် ရပ်တည်နိုင်ပါပြီလော?

ထိုမေးခွန်းကို ဖြေရန်အတွက် ကျနော်တို့သည် မြတ်ဗုဒ္ဓ၏ အဆုံးအမကိုပြန်လည်တူးဖေါ်ရပါလိမ့်မည်။

အမှန်အားဖြင့်ဗုဒ္ဓ၀ါဒ ဟူသည် သစ္စာဝါဒသာဖြစ်၏ မြတ်ဗုဒ္ဓကို တနည်းအားဖြင့်“သိသူ” ဟုဆိုကြ၏ ဘာကိုသိသနည်းဟုမေးသော်။သစ္စာတရားကိုသိသူဖြစ်ပါ၏ လောက၌ သိစိတ်စိတ်သောသတ္တ၀ါတိုင်း သည် သိစရာအာရုံကို သိ ကြသည် သာဖြစ်ပါ၏ သိုသော် သိပုံခြင်းကားမတူချေ။ သိသည်ဟူဆိုရာ၌ လည်း ကွဲ၏ မိမိညဏ်အဆင့်ကို မှီ၍ အသိကွဲကြသည်မှာ လောကနိယာမဖြစ်သည်သာ။

သုတမယညဏ်ဖြင့်လည်းသိ၏ စိန္တမယညဏ်ဖြင့်လည်းသိ၏ ဘ၀နာမယညဏ်ဖြင့်လည်းသိ၏

ထိုကြောင့် ကျနော်တို့ အန္ဓပုထုဇဉ်တို၏အမြင်အရ လူတွင် ဆင်းရဲ ချမ်းသာ ကု လားတရုပ် ရှိ၏

ကလျာဏပုထုဇဉ်တွင် လူကို လူလိုမြင်၏ အရါယာအဆင့်တို့တွင်မူ ရုပ်နာမ်ဓမ္မသင်္ခါရ အဖြစ်မြင် သည့်တိုင် အဆင့် ဆင့်သွား၏ မြတ်စွာဘုရားအတွက်မူကား ကိလေသာကို အကြွင်းမဲ့ပယ်သတ်ပြီးဖြစ် ၍ လောကတစ်ခု လုံးကို သုညတ အဖြစ်သာမြင်တော့၏

သို့အတွက်မြတ်စွာ ဘု၇ားရှင်၏ အဆုံးအမ ဓမ္မသည် ဘက် လိုက်မှုအကင်းဆုံးဖြစ်ပါ၏

ကိလေသာတန်း လန်းနဲ့ပြုစုထားသော အယူအတွေးများတွင် အနည်းနဲ့အများဆိုသလို ဘက်လိုက်မှု ပါသည်ကို ကျနော်တို့တွေ့ရမည်သာဖြစ်ပါသည်။

မြတ်စွာဘု၇ားရှင်၏ မဟာသြ၀ါဒ ကား။

မကောင်းမှုရှောင်

ကောင်းမှုဆောင်

ဖြူအောင်စိတ်ကို ထား ဟု လူတိုင်း အထူးသဖြင့်ဗုဒ္ဓ ၀ါဒကိုလေ့လာ ဘူးသူတိုင်းသိနေပြီး ဖြစ်ပါ၏ သို့အတွက် ထေရ၀ါဒ ကို သုံသပ်ဆင်ခြင်ရာတွင် အဆိုပါတရားကို လက်ကိုင်ပြုရမည်သာ ဖြစ်သည်။

ထေရ၀ါဒ၏ ပန်းတိုင်သည် သန္တိသုခဖြစ်၏ ပန်းတိုင်သို့သွားရတာ တွင် ကျနော်တို့သည် ကိလေသာ

မစင်သေးသည့် အားလျှော်စွာ မကောင်း မှု ။ကောင်း မှုတို့ကို ပြု လုပ်မည်သာဖြစ်ပါသည်။သို့ သော် လည်းကျနော်တို့သည်မိမိ၏အတ္တအားရှေ့တန်းမတင်မိစေရန် ကြိုးစားအားထုတ်သင့်ပါ၏

မကောင်မှု ကို မလွဲသာ၍ပြု လုပ်ရသည့်တိုင်အောင်လောက၌ဓမ္မထွန်းကား ရေးအတွက်သာ ဖြစ်သင့်ပါ၏

အမှန်စင်စစ် ထေရ၀ါဒ ကို လက်တွေ့ကျင့်သုးံမည်ဟုဆိုပါလျှင် မိမိကိုယ်ကျင့်သိက္ခာကို ဖြူသည် ထက်ဖြူအောင် သီလဖြင့် ဆေးကြောရပါမည်။ မိမိစိတ်ကို လည်းဖြူသထက်ဖြူအောင် သမာဓိဖြင့် လည်း ကောင်း ဘာဝနာ ဖြင့်လည်းကောင်း အထပ်ထပ်ဆေးကြောသန့်စင်စေရပါမည။် မဟုတ်ပါ် ကျနော်တို့၏ထေရ၀ါဒ သည် လည်း ကျနော် တို့မြေပေါ်မှ လွင့်ပါ လိမ့်မည်။

ဤနေရာ၌ အလွန်မှတ်သားဖွယ် သံဝေဂရဖွယ် ကျနော်တို့ဆင်ခြင်သုံးသပ်ရမည့်စကားတချို့ကို ထပ်၍ တစ်ခါပြန်ပြောရပါလျှင်….

“ထေရ၀ါဒ အုပ်မြစ်ဟူသည်။ ကျောက်သားများ။သံများ အင်္ဂတေများမဟုတ်။

အဆောက်အအုံဆိုင်ရာပစ္စည်းဟူသမျှတို့သည် တစ်ချိန်ကမည်မျှပင်လက်ရာမြောက်စေကာမူ။

နေက်ဆုံးတွင်မူ ဘာသာရေးအတွက်တန်ဖိုးမရှိလှတော့ပဲ ရှေးဟောင်းသုတေသန အတွက်သာ

အသုံကျတော့၏”

ထိုကြောင့်“ထေရ၀ါဒအုတ်မြစ်ဟူသည် ကိုယ်ကျင့်သိက္ခာသာဖြစ်၏”

(ဆရာကြီးဦးရွှေအောင်)