ခက်တော့ခက်တယ် ခက်တာက ပြောရလည်းခက် ဆိုရလည်းခက် လုပ်ရလည်းခက်တယ်လို့ဆိုရမှာပဲ တကယ်လည်းနေရာတိုင်း အခက်ကတွေ့နေတာကိုးဗျ။ သာသနာတော်ထဲမှာက ပိုတောင်ခက်လာသေး အဓမ္မနဲ့ ဓမ္မက ဘုရားရှင်သက်တော်ထင်ရှား ရှိကတည်းကိုက အားပြိုင်လာနေကြတာ ဒီဘက်ခေတ်ရောက်လာတဲ့အထိပဲ အဓမ္မတွေများလာလေလေ လူအပါအ၀င် သုံးဆယ်တစ်ဘုံသားတွေအတွက် အပါယ်လေးဘုံက ပိုပြီးကျယ်ပြန့်လာလေလေပဲ ၊အယောင်ပြဓမ္မကိုဖန်တီးရင်း အဓမ္မကိုဖန်တီးနေကြတဲ့ လောကဖျက်သတ္တ၀ါတွေ လူယောင်ဖန်ဆင်းပြီး လောကထဲရောက်နေကြတာ မနည်းဘူးကော။ အဲလိုလောကဖျက်သတ္တ၀ါတွေကြောင့် တရားရိပ်သာတွေက စီပွားရေး ကုပဏီတစ်ခုလိုဖြစ်လာနေကြတယ် ရိပ်သာဖြစ်မြောက်ရေးအတွက် အများဆုံးလှူနိုင်တဲ့သူက ဒီရိပ်သာရဲ့ ဥက္ကဋ္ဌတွေဖြစ်လာပြီး တာဝန်ရှိဆရာတော်တွေကိုမျက်ကွယ်ပြု ဘေးမှာထားပြီး ကျောင်းဂေါပကလို့ပြောရမလား ရိပ်သာအကျိုးတော်ဆောင်အဖွဲလို့ပြောရမလား အဲဒီအဖွဲ့တွေက အဲဒီရိပ်သာကို အားလုံးချုပ်ကိုင် အာဏာသိမ်းတော့တာပါပဲ။
ပြီးတော့ရိပ်သာတွေထဲမှာက စီပွားရေးသမား သူဋ္ဌေးကြီးတွေပေါလာတော့ ဘုရားတကာအမည်ခံခြင်တဲ့ သူဋ္ဌေးလေးတွေက အခွင့်အရေးရဖို့ ဒီသူဋ္ဌေးကြီးတွေနဲ့အဆက်သွယ်ရခြင်တော့ မလှူချင်လည်းလှူ ပြီးရိပ်သာထဲမှာနေရာရအောင်ယူပြီး နောက်တော့အားပြိုင်လာကြတယ် ဂေါပကနေရာလုပွဲပေါ့ဗျာ၊ ကျောင်းထိုင်ဆရာတော်ဆီကို ဘယ်သူကဘယ်လိုဘုရား ဘယ်ဝါကဘယ်နည်းဘုရား ဆိုသလို တိုင်ဦးရာနိုင်ဆိုသလိုဖြစ်နေကြတာလည်း မနည်းပါလား။ ကျနော်အားလုံးကိုမဆိုလိုပါ တကယ်ကိုယ်ကျိုးစွန့်ပြီးလုပ်နေတဲ့ သူတော်ကောင်းအနည်းငယ်ရှိနေပါသည် အများစုကတော့ ရိပ်သာတစ်ခုခု နာမယ်ကြီးကျောင်းတိုက်တစ်ခု နာမယ်ကြီးဆရာတော်တစ်ပါးပါးကို အိပ်ထဲထည့်ချင်သောစေတနာက သာသနာတော်ကိုချည်းမြောက်ထောက်ပံ့ချင်စိတ်ထက်ပိုပါသည်။ ဆရာဒကာလက်တွဲညီမှ သာသနာအရောင်တက်မည်ကို သိပါသော်လည်း တစ်ဦအမှားကို တစ်ဦးက မထောက်ပဲနေသော် သာသနာတော်ပျက်လိမ့်မည်၊
အခုကျနော်တို့ခေတ်မှာ ဘုရားရှင်ရဲ့ သာသနာတော်ကိုမပျက်ပျက်အောင် နည်းပေါင်းစုံနဲ့ အဖျက်ခံနေရတယ်လို့ ကျနော်ထင်သည်၊ ငွေရှိသူက ငွေနဲ့ဖျက်သည်၊အာဏာရှိသူက အာဏာနဲ့ဖျက်သည် သာသနာတော်ကိုပြုချင်ရောင်ဆောင်ပြီး မဟုတ်သောဝါဒဖြင့် သာသနာတော်ကိုဖျက်ဆီးနေကြသူများလည်း ရှိပါသည်၊ ပိုပြီးတော့သနားစရာကောင်းတာက လုပ်သမျှမှန်တယ်ထင်ပြီးလိုက်လုပ်နေကြသော နောက်လိုက်များဖြစ်ကြ၏
ဒီတော့ ကိုယ့်လုပ်ရပ်ဟာ သာနာတော်အတွက် အကျိုးဖြစ်စေလား အကျိုးမဲ့လား အမနာဂတ်ကိုကြည့်ပေးပါလို့။
ငြိမ်းချမ်းကြပါစေ
ဥပသကာ
Wednesday, February 23, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment